(၁၁)

1.8K 184 13
                                    

"Hello''

အခန်း​ထောင့်​မှစားပွဲထက်​ရှိKeypad phoneငယ်​အား​ကောက်​ကိုင်​ရင်း
ဒေါ်ကြာညိုသွင်​ phone​ဖြေလိုက်​​သော်​လည်း ကြားလိုက်​ရသည်​က တစ်​ဖက်​လူ၏ တိုး​ဖျော့​ဖျော့ အသက်​ရှုသံတစ်​စ...

တိတ်​ဆိတ်​​နေ​သော ထိုသူအား
''ဘယ်​သူလဲမသိဘူးရှင်​''ဟု ထပ်​မံအ​မေးပြုမိ​သော်​လည်း အ​ဖြေစကားအားမကြားရ။ ထိုအချိန်​မှာပင်​ မြည်​လာ​သော အိမ်​တံခါးbellသံ​ကြောင့်​ သူ့မphoneအား ချလိုက်​ရင်း တံခါးဖွင့်​​ပေးလိုက်​မိသည်​။

ထင်​သည့်​အတိုင်းပင်​ လက်​ဖက်​​ခြောက်​ထုတ်​နှင့်​နွားနို့ထုတ်အပြင်​ မုန့်​အစုံအလင်​ကိုပါဝယ်​ချလာ​သော သားငယ်​။

စာကျက်​​နေကြ​သော က​လေးတို့အတွက်​ သူမလက်​ရာ လက်​ဖက်​ရည်​အား အချိုးအဆ ညီညီ​ဖျော်​စပ်​​ပေးကာ အိမ်​​ရှေ့သို့ယူလာရင်းချ​ပေးလိုက်​သည်​။

အလုပ်​လုပ်​​နေ​သော်​လည်းသူမက က​လေး၂​ယောက်​၏ စာကျက်​သံအား အမြဲနားစွင့်​ထားတတ်​သည်​။

ဘရ​ဏေတစ်​​ယောက်​ ​ရောက်​စထဲက The Quiet Lifeကဗျာရှည်​အား ပြန်​ကာလှန်​ကာ ကျက်​​နေသည်​မှာ အ​ခေါက်​​ပေါင်းမနည်း​တော့....။

တစ်​ပုဒ်​ထဲအား ထပ်​တလဲလဲကျက်​​နေရလျှင်​ ပျင်းရိလာတတ်​​သော ​ကျောင်းသားတို့၏ ထုံးစံအတိုင်း စာအုပ်​အားခဏပိတ်​ရင်း ​ပေါက်​​ပေါက်​​ဖောက်​ခြင်းလုပ်​ငန်းအား ဘရ​ဏေစတင်​​တော့သည်​။

ဘယ်​ဘဝက အငြိုးနှင့်​လည်း​တော့ မသိ။
ရှင်းသိပ်​သ​ဘောကျ​သော ကာရန်​န​ဘေစာဟန်​ရှည်​များအား ဖွဲ့ဆိုတတ်​သည့်​စာဆို​ကျော်​တို့အား ဘရ​ဏေတစ်​​ယောက်​ ကြည့်​မရတတ်​။
မြန်​မာကဗျာစာဆိုများအား ​ဝေဖန်​ပြီးသည်​မို့ ယခုEnglish poetများဘက်​လှည့်​လာ​တော့သည်​။

"ဒီကဗျာကို​ရေးတဲ့Alexander Popeဆိုတဲ့လူကြီးက ​နောက်​ပိုင်း ဘုန်းကြီးများ
ဝတ်​သွားသလားမသိဘူး​နော်
သူ့စာဖတ်​ရတာ ငြိမ်းချမ်းချင်​​နေလိုက်​တာတအားပဲ''

"အင်း....အရစ်​ဇာတ်​လမ်းက စလာပြန်​ပြီ စာကျက်​စမ်းပါဘရ​ဏေရာ''

Essential of loveWhere stories live. Discover now