(၁၆)

1.8K 168 44
                                    

(Zawgyi font)

Q:မိန်းက​လေးတစ်​​ယောက်​ရဲ့ အချစ်​ကိုရဖို့ အထိ​ရောက်​ဆုံးနည်းက ဘာလဲ?

Ans:သူမအလိုအပ်​ဆုံးအချိန်​မှာ
အနားမှာအမြဲ ရှိ​​နေပေးလိုက်​.....။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

"Welcomeရှင်း
အလုပ်​သစ်​က​နေ ကြိုဆိုပါတယ်​''

ဘရ​ဏေတစ်​​ယောက်​ စူးရှရှအသံ​လေးဖြင့်​ တတ်​ကြွသွက်​လက်​စွာ ရှင်းအားဆီးကြိုလိုက်​​သော​ကြောင့်​ ရုံးခန်းအတွင်းမှဝန်​ထမ်းအားလုံးကလည်း ရှင်းအား နှစ်​လိုဖွယ်​အပြုံးဖြင့်​ ကြိုဆိုလိုက်​ကြသည်​။

ဘရ​ဏေကိုယ်​တိုင်​ပင်​ ရှင်းအား အခြားဝန်​ထမ်းများနှင့်​မိတ်​ဆက်​​ပေး​လေသည်​။
ဝန်​ထမ်းသိပ်​မများသည်​မို့ ခဏတွင်းမှာပင်​ ရှင်းမှတ်​မိသွားရသည်​။

"​သင်​ပြ​ပေးကြပါဦးခင်​ဗျာ''ဟု ရည်​မွန်​စွာတုန့်​ပြန်​ရင်း ​ရှေ့တည့်​တည့်​မှ ဘရ​ဏေ့အပြင်​ အခြားဝန်​ထမ်းများကိုပါ​ဝေ့ဝဲကြည့်​ရင်း ရှင်း​ပြုံးပြနှုတ်​ဆက်​လိုက်​သည်​။ဘရ​ဏေသည်​ အလုပ်​ခွင်​တွင်​​တော့ ရှင်းထက်​ရာထူးကြီးသည်​မို့ ​လေး​လေးစားစား​ဆက်​ဆံရမည်​ဟု ကြို​တွေးပြီးသားပင်​။

အလုပ်​နှင့်​ ကိုယ်​​ရေးကိုယ်​တာဟူသည်​ ခွဲကို ခွဲထားရမည့်​အရာ​....။

ထိုအချိန်​တွင်​​တော့ ဘရ​ဏေကလည်း
သ​ဘော​ပေါက်​ပုံနှင့်​​ခေါင်းငြိမ့်​ပြကာ ရှင်းအလုပ်​စားပွဲအားညွှန်​ပြလိုက်​သည်​။ အ​တော်​အသင့်​ ကျယ်​ဝန်း​သော အလုပ်​စားပွဲထက်​၌ Laptopတစ်​လုံးကသာ ​နေရာယူထား​လေသည်​။

ရှင်း၏ အဓိကတာဝန်​မှာလည်းဤ အလုပ်​စားပွဲ၌ အမြဲထိုင်​​နေရမည်​မဟုတ်​။ထုတ်​လုပ်​မှုတာဝန်​ခံဟူ​သော ရာထူးနှင့်​ အညီ ချည်​ထည်​ထုတ်​လုပ်​သည့်​ စက်​ရုံနှင့်​ ဤရုံးခန်းအား ​ချောင်း​ပေါက်​မတတ်​သွားလာ​နေရမည်​ပင်​။

အလုပ်​စားပွဲအား ရှင်းယူလာ​သောပစ္စည်းအချို့ပြင်​ဆင်​​နေရာချ​ပြီးချိန်​တွင်​​တော့ Managerကို​ဝေယံနှင့်​အတူ ချည်​ထည်​စက်​ရုံသို့ ရှင်းလိုက်​ပါသွားရ​လေသည်​။

Essential of loveTahanan ng mga kuwento. Tumuklas ngayon