(၉)

1.9K 197 30
                                    

(Zawgyi font)

ဆွေး​​မြေ့စွာ မြည်​တမ်း​နေသည့်​ ​နွေဥ
သြ၏ ​တေးသီသံကတိတ်​ဆိတ်​​နေ​သော စာ​မေးပွဲခန်းအတွင်း၌ ခပ်​သဲ့သဲ့ပျံလွင့်​​နေ​လေသည်​။

ပူ​လောင်​​သောMarchလ.....။
ပုံမှန်​ထက်​ ၁လပိုတိုးလိုက်​​သော ​ကျောင်းဖွင့်​ချိန်​​ကြောင့်​ Februaryအစား Marchလ၌ နဝမတန်းအတန်းတင်​စာ​မေးပွဲအား ​ဖြေဆို​နေကြရခြင်းပင်​....။

ရာသီဥတုပူပြင်းသည့်​အရှိန်​နှင့်​ တ​ပြေးညီစာ​မေးပွဲ​ဖြေဆို​နေ​သောကျောင်းသားအချို့မှာလည်း ​ဖြေဆိုချိန်​ပြည့်​ခါနီးမို့ ထူပူ​နေ
ကြ​တော့သည်​။

ထိုအထဲတွင်​​တော့ ဘရ​ဏေတစ်​​ယောက်​ မှာ​တော့ ထိပ်​ဆုံးမှပင်​.....။
နောက်​ဆုံးဘာသာရပ်​Bioအား အခြားသူများက ​လေချွန်​၍ပင်​ ​အေး​ဆေး​ဖြေ​နေကြ​သော်​လည်း ဘရ​ဏေ့မှာ​တော့ အပူမီးဝိုင်း​နေသည့်​ပမာ....။

လှချင်​လွန်း၍ အကျအနပုံသွင်းကာညှပ်​ထားသည့်​ ​ရှေ့ဆြံမိတ်​ခပ်​ရှည်​ရှည်​က ယခုအချိန်​တွင်​​တော့ တကယ့်​ကို
အ​နှောင့်​......
ပူရအိုက်​ရသည့်​ထဲ မျက်​​စေ့စူး​စေ​နေ​သော ဆံစတို့အား ဘရ​ဏေ လက်​ တစ်​ဖက်​ဖြင့်​ စုကိုင်​လိုက်​ရင်း လှန်​တင်​ကာ ​ဘော့ပင်​ဖုံးဖြင့်​ ထိုးညှပ်​ထားလိုက်​သည်​။

"​အချိန်​ကလည်းပြည့်​​တော့မယ်​!!
သေစမ်း!!
ဒီဖားပုံကလည်း ဘယ်​လိုဆွဲဆွဲ ဝက်​လိုလိုမျောက်​​လိုလိုဖြစ်​​နေပြီ...
Characteristics​တွေလည်း ​ရုတ်​တ
ရက်​ကြီး အစ မေ့​နေပြီ...
ဒုက္ခပါပဲ.......အား......ငိုချင်​လာပြီ''
ပြောရင်းဆိုရင်းတကယ်​ပင်​ မျက်​ရည်​များရစ်​ဝိုင်းလာသည်​အထိ​။

ဘရ​ဏေ ​ဖြေထားသည်​များအား တွက်
ကြည့်​လိုက်​လျှင်​ ​အောင်​မှတ်​အသာ​လေးရ​သော်​ငြား ဤသို့ပြာယာခတ်​​နေရသည်​မှာ အ​ကြောင်းရှိသည်​။နဝမတန်း၌ ဘာသာစုံ အမှတ်​ပြည့်​ရသူများသာ ဒသမတန်း၌ Specialခန်းတတ်​​ရောက်​ရမည်​ဟု ​ကျောင်းအုပ်​ဆရာကြီးက အမိန့်​ထုတ်​ထား​သော​ကြောင့်​ ဘရ​ဏေ ယခုလိုပူပန်​​နေရခြင်းပင်​။

Essential of loveWhere stories live. Discover now