(၃၄)

1.4K 134 22
                                    

(Zawgyi)

မှောင်မိုက်ကျဉ်းမြောင်းသော အခန်းငယ်သည်ကား ညှီစို့စို့သွေးညှီနံ့အချို့ကောင့် မွန်းကြပ်ဖွယ်အတိပြီးလျက်။

ထိုအခန်းငယ်ထဲဝယ် ဒူးတုပ်ထိုင်နေသူ၏ အဖြူအနက်Uniformမှာလည်း သွေးစသွေးနတို့၏ စွန်းပေမှုကြောင့် သစ်လွင်သန့်ရှင်းမှုသည်ကား အစပင်ရှာမရတော့။ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုချင်းစီမှာလည်း အသည်းခိုက်မတတ်သော နာကျင်မှုတို့ကြောင့် တစ်ဆက်ဆက်တုန်ယင်လျက်...။

ဒဏ်ရာအပြည့်ဖြင့် ဖူးယောင်နေသောမျက်နှာပြင်ဝယ် နေရာလွတ် မရှိတော့သည်မို့ ကျောပြင်ထက်သို့ ကျရောက်လာသည့် နာကျင်မှုအား အံတုနေမိသော်ငြား သွေးသားနှင့် တည်ဆောက်ထားသော ကိုယ်ခန္ဓာပေမို့ အသည်းခိုက်မတတ်သော ဝေဒနာအား မခံစားနိုင်သည့် အဆုံး၌မူ ဝန်ခံစကားအား ဆိုရတော့လေသည်။

"The only one evidence is
Call record!
I will give it to you sir.
Forgive me please"

Native speakerမဟုတ်မှန်းသိသာစွာ Englishစကားကိုပင် ခပ်ဝဲဝဲဆိုလာကာ အံ့ဘုဏ်းထင်၏ ခြေအစုံအား ဝပ်တွားခယနေသူအား တစ်ချက်ငုံ့ကြည့်ပြီးချိန်၌မူ အနီး၌ အသင့်ရှိနေသည့် လက်အောက်ငယ်သားတစ်ဦးအား အချက်ပြလိုက်လေသည်။

ထို့နောက်တွင်မူ ကတုန်ကယင်နှင့်ထုတ်ပေးလာခဲ့သည့်memory stickငယ်အား
အံ့ဘုဏ်းထင် အသေအချာ သိမ်းယူလိုက်တော့လေသည်။

အံ့ဘုဏ်းထင်၏ခြေရင်းဝယ် တုန်ယင်စွာတောင်းပန်တိုလျှိုးနေသူမှာအခြားသူမဟုတ်။
သူနှင့်ရှင်းတို့ စီးနင်းခဲ့သည့် မီးပုံးပျံအား တာဝန်ယူမောင်းနှင်ခဲ့သည့် pilotပါပင်။

မိမိ၏ professionalကိုပင်အားမနာ လင်းရှိန်ထည်ထံမှ အကျိုးအမြတ်တစ်ခုတည်းကိုသာကြည့်ခဲ့၍ လိုက်ပါစီးနင်းသူ၏အသက်အား အနည်းငယ်ပင် မငဲ့ကွက်ခဲ့သူ။

တောနက်ထဲဝယ် လွတ်မြောက်ခါနီးအထိ ရှင်းနှင့် သူ့နောက် တကောက်ကောက်လိုက်ကာ အလစ်တိုက်ခိုက်ရန် ကြံစည်ခဲ့သူ။

မည်သို့ပင်ဖြစ်စေ လင်းရှိန်ထည်၏ လက်ပါးစေဖြစ်နေသည်မို့ စာရိတ္တကောင်းတော့ ရှိမည်မဟုတ်သည်မှာ အသေအချာ။
ဤသို့သောသူအား အံ့ဘုဏ်းထင်လုံးဝခွင့်မလွှတ်နိုင်ခဲ့။

Essential of loveWhere stories live. Discover now