(၄၀)

1.2K 113 22
                                    

(Zawgyi)

''မင်းအခုလုပ်နေတာတွေက
ကိုယ့်လက်ထဲရောက်လာတော့မယ့် အရာတွေကို အဝေးဆုံးရောက်အောင် ပုတ်ထုတ်ပစ်နေသလိုပဲ"

တည်ငြိမ်စွာဆိုခဲ့လေသည့် ရှင်းစကားတို့မှာ Neonအကြားအာရုံဝယ်အကြိမ်ကြိမ်ပဲ့တင်ထပ်နေလေ၏။

ရှင်း၏အတွေးတို့သည် အမြဲပင်ရိုးစင်းလွန်းလှသည်။ ထို့ကြောင့်လည်း သူ့အပေါ်အလွယ်တကူ ယုံကြည်ခဲ့ခြင်းပင်။

နန်း၏အချစ်ဦးဟူသော နေရာကို ရှင်းသာမရခဲ့လျှင်...

သူဒီလောက်ရှင်းအပေါ် မုန်းခဲ့မိမည်မဟုတ် ...

သို့သော်လည်း ...
ဖြစ်ခဲ့ပြီးသော အရာတို့အပေါ်တွေဝေနေခြင်းက မည်သည့်အကျိုးရလာဒ်မှဖြစ်လာလေမည်မဟုတ်ဟူသည့် ထုံးကိုသာ နှလုံးမူရင်း သူရှင်းအား လှမ်းကြည့်လိုက်မိသည်။

ခုတင်ထက်ဝယ် oxygen အကူအညီဖြင့် ခက်ခက်ခဲခဲအသက်ရှူနေရသည့် ရှင်း၏အသွင်ကို မြင်ရချိန်၌ သူထင်ထားသလောက် ကျေနပ်မနေခဲ့ပါ။
စေ့ပိတ်ထားသော မျက်ခွံတို့မှာလည်း အနည်းငယ်ညိုယောင်သမ်းချင်နေသလို ၊ ဖြူဖျော့သော နှုတ်ခမ်းလွှာအစုံအား ခပ်ဖြည်းဖြည်းဟရင်း အသက်ကိုမျှင်းရှူနေရသည့် ရှင်း၏အသွင်အား မြင်နေရသည့် သူ့စိတ်ထဲဝယ် ဆိုးဝါးသည့် ခံစားချက်တစ်မျိုးလွှမ်းခြုံလာခဲ့လေသည်မို့ မျက်နှာလွှဲပစ်လိုက်မိလျက်သား။

ရှင်း၏ ဤပုံစံအား
နန်းသာမြင်လျှင် သူ့အား သတ်ပစ်လေမည်လား?

ဖြစ်နိုင်သည် ...

အဟက်...
နန်းအတွက်ရှင်းသည် သိပ်အရေးကြီးလွန်းသူပေပဲ ...

အတွေးနှင့်အတူ မဲ့ပြုံးတစ်ခုမှာ Neonမျက်နှာထက်ဝယ် မထင်မရှား ဖြစ်တည်လာခဲ့လေသည်။

" ဒီကောင်လေးကို အရမ်းpressureသွားပေးလို့တော့
မဖြစ်ဘူး သူ့နှလုံးခုန်သံက သိပ်အားနည်းနေတယ်

ပြီးတော့ နောက်တစ်ခါ
ခုလိုoxygenနည်းတဲ့ အခန်းတစ်ခုထဲမှာ ပိတ်ထားရင် အသက်အန္တရာယ်ရှိနိုင်တယ်"

Family doctor၏ သတိပေးစကားအားသူခေါင်းငြိမ့်ပြရင်းသာတုံ့ပြန်ပြီးနောက် အခန်းပြင်သို့သာ သူခပ်သွက်သွက်လှမ်းထွက်မိပါ၏။
အခန်းပြင်ပရှိ sofaထက်ဝယ် ခြေအစုံအား ချိတ်ထိုင်ရင်း Neonအား အကဲခပ်နေသူမှာတော့ Papaမှလွဲ၍ အခြားသူမဖြစ်နိုင်။

Essential of loveOnde histórias criam vida. Descubra agora