(၈)

1.9K 174 19
                                    

(Zawgyi font)

"အဟွတ်​...အဟွတ်​''

သောက်​လက်​စ ဟင်းချိုသီးသွား​ရသော ရှင်း၏ ​ကျောပြင်​အား Neonခပ်​ဖွဖွ ထု​ပေးလိုက်​ရသည်​။ Neonကိုယ်​တိုင်​လည်း
ပါးစပ်​အ​ဟောင်းသားဖြင့်​ ဘရ​ဏေ့အား
ပြူးကြည့်​​နေမိ​တော့သည်​။

"ဘယ်​လိုကြီး​ပြောချလိုက်​တာတုန်း?
မကြံ​ကောင်းမစည်​ရာ​တွေနန်းရာ!!''

"အင်း​လေ... အ​တွေးနဲ့တင်​ ကြက်​သီးထတယ်​''

ချောင်းဆိုးရပ်​သွားသည့်​ခဏမှာပင်
ရှင်းလည်း​ခေါင်း​ထောင်​ရင်းခပ်​တိုးတိုးဆိုလာပြန်​သည်​။သီးထားသည့်​ အရှိန်​​ကြောင့်​ဖြစ်​မည်​ ရှင်းမျက်​နှာမှာ နီမြန်းလျက်​။
ခေါင်းကိုတွင်​တွင်​ခါယမ်းရင်းဆို​နေကြ​သော အမျိုးသားနှစ်​ဦးအား ဘရ​ဏေကြည့်​​နေရင်း ရယ်​ချင်​စိတ်​က ထိန်းမရ​တော့။

"ခွီးးး ​တွေးကြည့်​မှ ငါလဲအူတတ်​​နေပြီ''

"မ​ဟုတ်​တာ​တွေ မတွေးလိုက်​ပါနဲ့ !!''

Neonနှင့်​ ရှင်း နှစ်​ဦးစလုံးထံမှ ပြိုင်​တူ
ထွက်​လာ​သော စကားသံပင်​။

"ကြည့်​ဦး ကြည့်​ဦးsoul mate​တွေများ
နော်
စကား​ပြောတာ​တောင်​ တစ်​​လေသံထဲ''

ရှက်​​သွေးဖြာ​နေကြသည့်​ အနှီလူသားနှစ်​ဦးအား ဘရ​ဏေ ထပ်​​နောက်​လိုသည်​မို့ ဆိုလိုက်​ခြင်းပင်​...။

"မ​နောက်​ပါနဲ့ ဘရ​ဏေရာ''ဟု ရှင်းခပ်​တိုးတိုးဆိုလိုက်​ပြီး​နောက်​ ​ခေတ္တတိတ်​ဆိတ်​သွား​သော စကားဝိုင်းအား Neonက အပြုံးတစ်​စဖြင့်​ဆိုလိုက်​ရင်း ပြန်​လည်​အသက်​ဝင်​​စေလိုက်​သည်​။

"နန်း ကိုယ်​ဒီ​နေ့ special menuထုတ်​ခိုင်းပြီး ထည့်​​လာတယ်​ မြည်းကြည့်​ပါဦး''

ခု​နောက်​ပိုင်း ထမင်းချိုင့်​ထည့်​လာတတ်​​သောNeonက သူ့ထမင်းချိုင့်​အား ​ရှေ့တိုး​ပေးလိုက်​ခြင်းပင်​။ အမည်​စုံ ဟင်းလျာများနှင့်​ Neonဟင်းချိုင့်​က စားချင်​စဖွယ်​အတိ။သို့​သော်​ ဘရ​ဏေ ဦးစွာလှမ်းခပ်​လိုက်​သည်​က ရှင်း၏ချိုင့်​ထဲမှ ပဲပင်​​ပေါက်​​ကြော်​ကိုသာ။

Essential of loveWhere stories live. Discover now