အခန်း ၆၂ (မျှခြေ)

9.4K 1.8K 101
                                    

ခန်း ၆၂
မျှခြေ

သူ(မ)က ထိုစကားကို ပြောကြားလိုက်သောအခါဝယ် လူတချို့မှာ ရုတ်တရက် အံ့ဩဘနန်းဖြစ်သွားရှာ၏။ ကျိုးကျစ်ရှူးသည်လည်း ခန္ဓာကိုယ်ကို မဆိုစလောက် မတ်မတ်ထိုင်မိသွားသည့်တိုင် သူက ဘာတစ်ခွန်းမျှ ဆက်လက်မေးမြန်းခြင်းမရှိဘဲ ကောင်းရှောင်လျန်တစ်ယောက် သူ၏စိတ်ခံစားချက်များကို တဝကြီးလွှတ်ထုတ်ပြီးသည် အထိ စောင့်ဆိုင်းနေလိုက်ရင်း မျက်မှောင်ကြုတ်ထားလျက် သူ့ဘာသာသူ တစ်ခုခုကို စဥ်းစားခန်းဝင်နေသယောင်။

ဝမ်းခယ့်ရှင်က သူ့ကိုလှမ်းကြည့်လိုက်ပြီးသော် ဖက်ထုပ်ပေါင်းတစ်ခုကို တူနှင့်ညှပ်ယူကာ ကျိုးကျစ်ရှူးရှေ့၌ချထားသော ပန်းကန်လုံးထဲသို့ အလွန်အင်မတန် သဘာဝကျစွာပင် ထည့်ပေးလိုက်လေ၏။ ထိုအခြင်းအရာကို မျက်လုံးထောင့်စွန်းမှတဆင့် လှစ်ခနဲ တွေ့မြင်လိုက်ရသည့် ကုရှန်းခမျာ ချက်ချင်းပင် ကမန်းကတန်း ခေါင်းကိုငုံ့ချလိုက်ရင်း မမြင်ချင်ယောင်ဆောင်လိုက်ရသည်။ အတန်ကြာသော် သူ(မ)က မသိမသာ ခေါင်းထောင်ကြည့်လာပြန်၏။ သူ့အကြည့်များမှာ ထိုလူနှစ်ယောက်အကြားဝယ် လူးလာခေါက်ပြန်သွားလာနေရင်း စဥ်းစားခန်းဝင်လိုက်သည်။ အခြေအနေမှာ မမျှတသလို ခံစားလိုက်ရသောကြောင့် ၎င်းမှာ ချောင်ဝေ့နင်၏ ပန်းကန်လုံးထဲသို့ ဖက်ထုပ်ပြုတ်တစ်ခု ကို ညှပ်ထည့်ပေးလိုက်လေတော့သည်။ ချောင်ဝေ့နင်ခမျာ ဤကဲ့သို့ ဂရုတစိုက် အရေးပေးမှုကို ခံစားလိုက်ရသဖြင့် ချက်ချင်းပင် ဝမ်းမြောက်ဝမ်းသာဖြစ်သွားရှာတော့ သည်။

တစ်ဖက်တွင်မူ ကောင်းရှောင်လျန်၏အဖြစ်သနစ်ကို ထပ်တူထပ်မျှ ကိုယ်ချင်းစာ သနားကရုဏာသက်နေရှာသည့် တစ်ဦးတည်းသောသူမှာ ကျန်းချန်လင်ပင်ဖြစ်သည်။ သူ(မ) ဝမ်းနည်းပက်လက်ငိုကြွေးနေသည့်ပုံစံကို အလွန်တရာမကြည့်ရက်နိုင်သည့်တိုင် သူကိုယ်တိုင်ကလည်း စကားပြောကောင်းသူတစ်ဦး မဟုတ်လေရာ ဘာပြောလို့ပြောရမှန်း မသိရှာပေ။ သို့ဖြစ်ရာ ဝမ်းနည်းပူဆွေးနေရှာသော သူ(မ)ကို ဘေးမှနေ၍ အရိပ်တကြည့်ကြည့်ဖြင့် အဖော်ပြုပေးရန်သာ တတ်နိုင်တော့သည်။ အတန်ကြာသော အခါမှသာ သူက နှုတ်မှ စကားတစ်ခွန်းကို ဖျစ်ညှစ်ထုတ်ပြောလိုက်၏။

လေလွင့်ခရီးသည်Where stories live. Discover now