အခန်း ၅၀ (သော့)

11K 2.3K 91
                                    

အခန်း ၅၀
သော့

အဘိုးအိုက သူတို့ရှိရာဘက်သို့ သူ့နားကိုစောင်းငဲ့၍လှည့်လာသည်။ ၎င်းမှာ စိတ်လှုပ်ရှားနေဟန်ဖြင့် တစ်ချက်မျှတွန့်ခနဲအကြောဆွဲသွားသည်။ သူ့ကိုယ်ပေါ်၌ချည်နှောင်ထားသောသံချိန်းကြိုးများမှာ ခန္ဓာကိုယ်လှုပ်ရှားမှုနှင့်အတူ တစ်ပြိုင်နက်တည်းမှာပင် တချွင်ချွင်တချွမ်ချွမ်မြည်သံတို့ထွက်ပေါ်လာတော့သည်။ ကျန်းချန်လင်က ကျိုးကျစ်ရှူးကိုမသိမသာလှမ်းဆွဲကာ ခပ်တိုးတိုးမေးမြန်းလာ၏။

"ဆရာ၊ အဲဒီသံချိန်းကြိုးတွေက သူ့လက်ပြင်ရိုးတွေထဲအထိ ဖောက်ဝင်နေတာလားဟင်"

ကျိုးကျစ်ရှူးက 'ရှူး' ဟုအသံပြုလိုက်ရင်း မျက်မှောင်ကြုတ်လျက်လှမ်းကြည့်လိုက်သည်__သံချိန်းကြိုးများမှာ အဘိုးအို၏ခန္ဓာကိုယ်အပေါ်ယံတွင်သာ ရိုးရိုးတန်းတန်းရစ်ပတ်ချည်နှောင်ထားတာမျိုးမဟုတ်ဘဲ သူ၏လက်ပြင်ရိုး၊ ဂုံညင်းရိုး စသဖြင့် အရိုးများအတွင်းထိတိုင်အောင် ထိုးစိုက်ဖောက်ဝင်နေခြင်းဖြစ်ကြောင်းတွေ့မြင်လိုက်ရသည်။ ဒဏ်ရာများမှာလည်း ပြည်ပုပ်ပြည်ခဲများယိုစိမ့်ထွက်နေလျက် အရိုးဟောက်ပက်သာကျန်ရစ်ခဲ့လေသည်။ ကျိုးကျစ်ရှူး၏အမြင်အရဆိုပါက ဤကဲ့သို့သောအခြေအနေမျိုးရောက်သည်အထိတိုင်အောင် အသက်ရှင်သန်နိုင်ရန်မှာ အလွန်တရာမလွယ်ကူသောကိစ္စတစ်ရပ်ဖြစ်သည်။

အဆောင်အတွင်း၌အနံ့အသက်ဆိုးဝါးလှပြီး အရပ်မျက်နှာတိုင်းတွင် ဆီးနံ့၊ ဝမ်းနံ့တို့ဖြင့်ညစ်ပတ်နံဟောင်နေ၏။ အဘိုးအို၏ကိုယ်ပေါ်ရှိအဝတ်အစားတို့မှာလည်း မူလအင်္ကျီအရောင်အဆင်းကိုပင်မတွေ့ရတော့သလို သူ့ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း လုံလောက်​အောင်ဖုံးကာပေးနိုင်စွမ်းမရှိတော့ပါချေ။ သူ့ပုံစံမှာ တကယ့်ကိုပင် လူသားတစ်ယောက်နှင့်တူမနေတော့ပေ။ သူက ပါးစပ်ကိုဖွင့်ဟလိုက်သော်ငြား နှစ်ပေါင်းများစွာကြာမြင့်သည်အထိ စကားတစ်ခွန်းမျှမပြောခဲ့ရသူတစ်ယောက်နှယ် သူ၏စကားလုံးတို့မှာ နှေးကွေးလေးလံကာ ဗလုံးဗထွေးဖြစ်နေရှာ၏။ သူက ခြောက်ကပ်အက်ကွဲနေသောလေသံဖြင့် မေးမြန်းလိုက်သည်။

လေလွင့်ခရီးသည်Where stories live. Discover now