အခန်း ၆၁ (အစီအမံ)

9.8K 1.8K 148
                                    

အခန်း ၆၁
အစီအမံ

ချောင်ဝေ့နင်နှင့်ကျန်းချန်လင်တို့နှစ်ဦးသားမှာ လက်ထဲတွင် မစင်ပုံး တစ်ယောက်တစ်ပုံးစီ ကိုယ်စီကိုယ်ငှသယ်ဆောင်လာကြသည်။ အလွန်တရာဆိုးဝါးလှသော အနံ့အသက်တို့မှာ ကောင်းကင်ယံတစ်ခွင်လုံး ဖုံးလွှမ်းပျံ့နှံ့သွားမယောင်။ ချောင်ဝေ့နင်မှာမူ အဆိုးထဲမှ အကောင်းကိုရှာဖွေကာ ပျော်ပျော်နေတတ်သူပီပီ ကြံဖန်တွေးတောလိုက်ပေ၏။

အားရှန်းက တကယ့်ကို ဥပါယ်တံမျဉ်ကြွယ်ဝတဲ့ အမျိုးသမီး 'ကျူးကယ်' ပဲ။

ကျန်းချန်လင်ကမူ သူ့ကဲ့သို့ အခြေအနေမျိုးတွင် ရှိမနေပါချေ။ ကုရှန်းမှာ ရှစ်ဘဝစာ လောက် ကျက်သရေတုံးလှသူတစ်ယောက်ဖြစ်သည်ဟူ၍သာ တွေးတောနေမိလေသည်။

နှစ်ယောက်သားမှာ အဆိုပါအညစ်အကြေးပုံးများကို အဖုံးဖုံးလိုက်ပြီး အပေါ်တွင် တစ်ခုခုဖြင့်အုပ်လွှမ်း၍ ပုံဖျက်ထားလိုက်ကြ၏။ ကုရှန်း၏ညွှန်ကြားခိုင်းစေမှုနှင့်အတူ အနှီ ပုံးများကို ခေါင်မိုးများပေါ်တွင်လည်းကောင်း၊ မြေကြီးပေါ်တွင်လည်းကောင်း နေရာတကျ ထားလိုက်ပြီး သမိုင်းတစ်လျှောက်လုံးတွင် အော်ဂလီဆန်စရာ အကောင်းဆုံးအစီအမံ ဖြစ်သည့် 'မစင်ပုံးအစီအမံ' ကို ရေးဆွဲလိုက်ကြလေတော့သည်။

တစ်ဖက်တွင်မူ 'စစ်မက်ရေးရာညွှန်ကြားရေးမှူးချုပ်ကု' သည်ကား သူ့နှာခေါင်းကို လက်ဖြင့်ပိတ်ထားရင်း အတော်ဝေးဝေးသို့ ထွက်ပြေးသွားလေတော့သည်။ အဆိုပါ ပုံးများကို နေရာချထားပြီးသောအခါ သူ(မ)က သူတို့နှစ်ယောက်ကို လက်ယပ်ခေါ်လိုက်ပြီး နှာခေါင်းကိုပိတ်ထားလျက် အသံကိုနှိမ့်ကာ ကျန်းချန်လင်ကို တီးတိုးပြောဆိုလိုက်၏။

"ငါ နင့်ကိုပြောထားတဲ့ လမ်းကြောင်းတွေကို သေချာမှတ်မိတယ်မလား"

ကျန်းချန်လင်က ခေါင်းညိတ်ပြလာ၏။

"စိတ်ချပါ....မမကုရှန်း..'တိမ်လိုမျောလွင့်ရာ နန်းတော်ကိုးနေရာ' ဆိုတဲ့ သိုင်းကွက်ကို ကျွန်တော် ခြေလှမ်းတစ်ကွက်မှ မမှားစေရပါဘူး။ မဟုတ်ရင် ဆရာက ကျွန်တော့်ရဲ့ ခွေးခြေထောက်တွေကို ရိုက်ချိုးပစ်လိမ့်မယ်"

လေလွင့်ခရီးသည်Where stories live. Discover now