အခန်း ၄၀ (အရှင်ခုနစ်)

14.3K 2.4K 83
                                    

Unicode

အခန်း ၄၀
အရှင်ခုနစ်

ကျန်းချန်လင်မှာ ခေါင်းထဲ၌ရိုးတိုးရိပ်တိပ်ဖြစ်လာနေသည်။ ကင်းမြီးကောက်အဆိပ်က စတင်အစွမ်းပြနေတာဖြစ်နိုင်သည်။ သူ့နားထဲတွင် မိုးကြိုးပစ်နေသကဲ့သို့ ဝုန်းဝုန်းဒိုင်းဒိုင်းအသံများဆူညံစွာမြည်ဟီးလို့နေသည်။ ဘေးပတ်ဝန်းကျင်ရှိအသံများနှင့်သူ့အကြားဝယ် ပိတ်သားတစ်လွှာကာဆီးခြားနားနေသကဲ့သို့ပင်။ အသံများကိုကြားနေရစေကာမူ အနည်းငယ်အစစ်အမှန်မဟုတ်သကဲ့သို့ပင်ခံစားနေရ၏။

သူ မြားလာရာလမ်းကြောင်းဆီသို့ ခေါင်းလှည့်ကြည့်လိုက်သောအခါ အမျိုးသားနှစ်ဦးကိုတွေ့လိုက်ရသည်။

လက်ထဲ၌ဒူးလေးတစ်လက်ကိုကိုင်ဆောင်ထားသူသည် အပြာရင့်ရောင်ဝတ်ရုံရှည်တစ်ထည်ကိုဆင်မြန်းလွှမ်းခြုံထားပြီး သူ၏ရှည်လျားသောဝတ်ရုံလက်အနားတို့မှာ လေအဝှေ့တွင်တဖျတ်ဖျတ်လွင့်နေသည်။ ခါးပေါ်တွင် လက်ဖဝါးအရွယ်မျှကျယ်ဝန်းသော ခါးပတ်တစ်ခုကိုပတ်ထားကာ ခါးဘေးတွင်မူ အဖြူရောင်ကျောက်စိမ်းဖြင့်ပြုလုပ်ထားသည့် ပုလွေတစ်ချောင်းကိုချိတ်ဆွဲထား၏။ သူ့ပုံစံကိုကြည့်ရသည်မှာ သိုင်းလောကသားတစ်ဦးနှင့်မတူသကဲ့သို့ စာသင်သားတစ်ဦးနှင့်လည်းတူညီခြင်းမရှိဘဲ ချမ်းသာကြွယ်ဝ၍မြင့်မြတ်သောမျိုးရိုးအသိုင်းအဝိုင်းမှဆင်းသက်ပေါက်ဖွားလာသော ဂုဏ်သရေရှိမင်းသားလေးတစ်ပါးနှင့်တူညီလှပေသည်။ ဖျတ်ခနဲကြည့်လိုက်မည်ဆိုပါက သူ၏မက်မွန်ပန်းသဏ္ဌာန်မျက်ဝန်းအစုံထဲတွင် အပြုံးမမည်သောအပြုံးတစ်ပွင့် ရေးတေးတေးထင်ဟပ်နေသယောင်ရှိစေကာမူ စေ့စေ့စပ်စပ်ကြည့်ရှုလိုက်ပါမူ နောက်ဆုံးသောအဆိပ်ကင်းမြီးကောက်တပ်သားတစ်ယောက်ကို လှမ်းကြည့်လိုက်သောသူ့အကြည့်ထဲဝယ် အေးစက်စက်အလင်းရောင်တို့မဆိုစလောက်စိမ့်ဝင်ပျံ့နှံ့နေလျက်ရှိပေသည်။

ကျန်းချန်လင်မှာ ငူငူငိုင်ငိုင်ဖြစ်သွားရှာပြီး စိတ်ထဲ၌တွေးလိုက်မိသည်။ ထိုလူသည်ကား သူ့ဘဝတစ်လျှောက်လုံးတွေ့ခဲ့ဖူးသမျှလူအားလုံးထဲတွင် အချောမောအလှပဆုံးလူတစ်ယောက်ဖြစ်သည်ဟူ၍။

လေလွင့်ခရီးသည်Where stories live. Discover now