အခန်း ၄ (သစ္စာရှင်)

26.9K 3.7K 60
                                    

Unicode

အခန်း ၄ 
                                                     သစ္စာရှင်

ခရမ်းရောင်မိန်းမပျို​လေးနှင့် ဝတ်​စုံနက်​လူတို့နှစ်ဦးသည်ကား မဆိုင်းမတွတိုက်​ခိုက်​ကြ​လေတော့သည်​။ ဘေးမှပွဲကြည့်နေသူဖြစ်သည့် ကျိုးကျစ်​ရှူးက​မူ သူတို့နှစ်​​ဦးကိုရှင်းရှင်းလင်းလင်းမြင်နေရသည်။ နှစ်ယောက်သား၏တိုက်​ခိုက်​ပုံတိုက်​ခိုက်​နည်းများမှာ မတူညီကြ​သော်​လည်း အညှာအတာကင်းမဲ့ကာ ရက်​စက်ကြမ်းတမ်းကြပုံခြင်းက​တော့ အတူတူပင်​ဖြစ်သည်။ ကြည့်ရသည်​မှာ နာမည်ဂုဏ်သိက္ခာကြီးမားသောသူတော်ကောင်းဂိုဏ်းအဖွဲ့အစည်းများမှ ထွက်လာကြသူများတော့ဖြစ်​ဟန်​​မတူပါချေ။

တိုက်ကွက် ဆယ့်လေးငါးကွက်​ခန့်အတွင်းမှာပင် ဝတ်​စုံနက်မှာ မိန်းမပျိုလေး၏လက်ဝါးရိုက်ချက်တစ်ချက်ကို ​နောက်​ဆုတ်​​ရှောင်​တိမ်းလိုက်​ပြီး တစ်ဆက်တည်းမှာပင် မိန်းမပျို​လေး၏ရင်​ညွန့်နေရာသို့ကန်​ထည့်လိုက်​သည်​။ မိန်းမပျိုလေးမှာ ကိုယ်ကိုဘေးတစ်ဖက်သို့လှည့်၍ရှောင်တိမ်းလိုက်ပြီး ခပ်​တိုးတိုး​အော်ဟစ်လိုက်​​ကာ လက်ချောင်းများကိုလက်ဖဝါးသဏ္ဌာန်စုစည်းလိုက်၏။ သေချာပေါက်ကို ​ရန်​သူ၏​ဂုံညင်းရိုး (ဒူးခေါင်းရိုး) ကိုခုတ်ပိုင်းရိုက်ချိုးပစ်မည့် သိုင်းကွက်တစ်ကွက်ဖြစ်သည်​။ သို့​​သော်​ မ​မျှော်​လင့်ထားသည်​ကား ဝတ်စုံနက်၏ဘောင်းဘီပေါ်ရှိပစ္စည်းတစ်ခုထံမှ ရုတ်တရက်အသံတစ်သံထွက်ပေါ်လာကာ ခြေသလုံးပေါ်မှသတ္တုစပရိန်တစ်ခု​ကန်ထွက်လာပြီးသော် မြားကျိုးတစ်ချောင်းလှစ်ခနဲထွက်​လာကာ မိန်းမပျိုလေး၏မေး​စေ့တည့်တည့်သို့ ဦးတည်​လာ​နေ၏။

မိန်းမပျိုလေး၏သိုင်းပညာမှာ မညံ့ဖျင်းလှပါချေ။ ထိုဝတ်စုံနက်ထက်ပင် တစ်ဆင့်ပိုမြင့်ပုံရသည်​။ သို့​ပေသိ ဤကဲ့သို့ ညစ်တီးညစ်ပတ်​တိုက်​ခိုက်​မှုမျိုးကို​တော့ ​​မျှော်​လင့်ထားဟန်​မတူသည့်အလား ရုတ်​တရက်​ထိတ်​လန့်သွားပြီး ရှောင်​တိမ်းရန်ကြိုးစားလိုက်သော်ငြားအချိန်မမီတော့ပါချေ။ ကျိုးကျစ်​ရှူးက သူ့လက်​ထဲတွင်အုပ်ကိုင်ထားသော ​ကျောက်​ခဲလေးကို နောက်ဆုံး၌ပစ်လွှတ်လိုက်လေသည်။  ကျောက်တုံးမှာ မြားဦးတည့်တည့်သို့ထိမှန်သွားပြီး မြားသည် မိန်းမပျို​လေး၏ နားထင်​နားမှ အန္တရာယ်ကြီးစွာဖြင့်ပွတ်ကာသီကာ​ဖြတ်​သန်းသွားလေသည်။

လေလွင့်ခရီးသည်Unde poveștirile trăiesc. Descoperă acum