အခန်း ၅၁ (အတိတ်ဖြစ်ရပ်)

13K 2.2K 90
                                    

ခန်း ၅၁
အတိတ်ဖြစ်ရပ်

"အဲဒီအချိန်တုန်းက ရုံရွှမ့်ရယ်၊ ငါရယ်၊ ပြီးတော့ တခြားအပေါင်းအပါတချို့ရယ်ပေါ့။ ငါတို့အားလုံးဟာ လူငယ်သဘာဝအလျောက် ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီးထင်နေခဲ့ကြတာပေါ့လေ။ အကျင့်စရိုက်တူသူအချင်းချင်းပေါင်းမိသွားကြပြီး ခင်မင်ရင်းနှီးသွားကြတယ်။ တစ်ခါတလေ အတူတူဝိုင်းဖွဲ့သောက်စားရင်း တစ်ယောက်နဲ့တစ်ယောက်အတတ်ပညာတွေဖလှယ်ကြရင်းပေါ့။ ငါတို့အားလုံးထဲမှာ ရုံရွှမ့်က သိုင်းပညာအရာမှာ အတော်ဆုံးဖြစ်သလို သိလွယ်တတ်လွယ် သဘောပေါက်အလွယ်ဆုံးလူတစ်ယောက်ဖြစ်ခဲ့တာ။ တစ်နေ့ငါတို့တွေ သေရည်စုသောက်ပြီး ယမကာအရှိန်လေးနဲ့မူးယစ်နေကြတုန်းမှာ ရုံရွှမ့်က ရုတ်တရက် အကြီးအကျယ် သက်ပြင်းတချချနဲ့ပြောလာတယ်။ 'ဒီကမ္ဘာလောကကြီးပေါ်မှာ မွေးဖွားလာတဲ့ ယောကျ်ားသားတွေဟာ သူတို့ဘဝမှာ ကြီးကျယ်ခမ်းနားတဲ့ အလုပ်တစ်ခုတလေလေးတောင်မှ ဖြစ်မြောက်အောင်မြင်အောင်မလုပ်နိုင်ခဲ့ဘဲ ဒီဘဝကို လူမသိသူမသိ သာမန်လူတစ်ယောက်အဖြစ်နဲ့ပဲ တိတ်တိတ်လေးကုန်ဆုံးသွားရမယ်ဆိုရင် ဘယ်လောက်တောင် နှမြောစရာကောင်းလိုက်လိမ့်မလဲဗျာ' ဆိုပြီး ပြောခဲ့တာပေါ့"

လုံချွဲ့၏စကားသံတို့မှာ ယခင်အတိုင်း အလွန်အမင်းနှေးကွေးလေးလံနေဆဲဖြစ်သည်။ ထို့အပြင် တစ်ခွန်းပြောလိုက် တစ်ခါနားလိုက်ဖြစ်နေလေရာ ၎င်းမှာ စကားပြောဆိုရန်ခွန်အားမရှိတော့ခြင်းကြောင့်လော သို့တည်းမဟုတ် အဆိုပါဖြစ်ရပ်တို့ဖြစ်ပျက်ခဲ့သည့်အချိန်ကာလမှာ အလွန်တရာကြာညောင်းနေပြီဖြစ်သောကြောင့် သေသေချာချာပြန်လည်စဉ်းစားတွေးတောနေရခြင်းကြောင့်လောမသိနိုင်ပေ။ ယဲ့ပိုင်ရီး၏မျက်နှာပေါ်တွင် မည်သည့်အရိပ်အယောင်ကိုမျှမတွေ့ရသော်ငြား ဝမ်းခယ့်ရှင်မှာမူ ငြိမ်ကျသွားကာ မကြုံစဖူး အာရုံစူးစိုက်မှုအပြည့်အဝဖြင့် အလေးအနက်နားထောင်နေတော့သည်။

"ရုံရွှမ့်က ပြောခဲ့တယ်။ သိုင်းပညာကိုလေ့ကျင့်သင်ယူရာမှာ ကျင့်ကြံပုံကျင့်ကြံနည်းတွေဟာ ကျယ်ပြန့်နက်ရှိုင်းတယ်တဲ့။ ဒါ့အပြင် ကျန်းဟူတစ်ခွင်မှာရှိတဲ့ နာမည်ကျော်ထိပ်သီးဂိုဏ်းအသီးသီးရဲ့ကျင့်စဥ်ပညာရပ်တွေဟာ တမူထူးခြားပြီးပြိုင်စံရှားသလို တစ်ခုချင်းစီတိုင်းမှာ အားသာချက်၊ အားနည်းချက်တစ်ပုံတစ်ပင်ရှိကြတယ်။ ဆယ်စုနှစ်တစ်ခု ဒါမှမဟုတ် ရာစုနှစ်တစ်ခုကြာတိုင်း သိုင်းလောကတစ်ခွင်မှာ ထိတ်ထိတ်ကြဲ ပြိုင်ဘက်ကင်းသိုင်းပညာရှင်တွေဟာ ဘဝဂ်မိုးကောင်းကင်ပြည့်လျှံအောင် အလျှိုလျှိုပေါ်ထွက်လာလေ့ရှိတယ်။ သူတို့တွေဟာ အဲဒီခေတ်အခါမှာ ဆရာ့ဆရာကြီးတွေဖြစ်လာကြပြီး သူတို့ဘာသာသူတို့ ကိုယ်ပိုင်ဂိုဏ်းအဖွဲ့အစည်းအသီးသီးကို ဖွဲ့စည်းတည်ထောင်ခဲ့ကြတယ်။ ဟွရှန်း၊ ခွင်းဆန်း၊ ချန်းရှန်းဂိုဏ်းတွေအားလုံးဟာ ဒီအတိုင်းပဲတည်ထောင်လာခဲ့ကြတာ။ ဒါပေမဲ့ သူတို့ရဲ့ဆက်ခံသူနောက်မျိုးဆက်တွေဟာ တဖြည်းဖြည်းအစွမ်းအစနည်းပါးလာပြီး ရှေးအစဥ်အဆက်က ဆရာကြီးတွေလက်ဆင့်ကမ်းသင်ကြားပေးခဲ့တဲ့နည်းလမ်းတွေကို ဤသည်မရွေး တစ်ထပ်တည်းကူးချရုံလောက်ပဲလုပ်တတ်ကြတော့တယ်။ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် အရည်အသွေးတွေဟာ တဖြည်းဖြည်း ညံ့ဖျင်းသထက်ညံ့ဖျင်းလာနေတော့ တစ်ချိန်မှာ ဧကန်မုချ နာမည်ဂုဏ်သတင်းကျဆင်းလာပြီး ဧကန်မုချအဆုံးသတ်ပျက်စီးသွားရလိမ့်မယ်။ အဲဒီထိပ်သီးဂိုဏ်းကြီးတွေဟာ သူတို့ရဲ့ကိုယ်ပိုင်ပညာရပ်တွေကိုမြတ်နိုးတန်ဖိုးထားပြီး

လေလွင့်ခရီးသည်Where stories live. Discover now