Audio Drama

3.6K 370 20
                                    

သာ့ကျားဟောင်

နည်းနည်းတော့နောက်ကျသွားပေမယ့် Happy New Year ပါနော်

အားလုံးပဲနေကောင်းကျန်းမာစွာရှိကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နှစ်သစ်မှာ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ၊ လိုရာဆန္ဒများလည်းပြည့်ဝကြပါစေလို့ အရင်ဆုံးနှစ်သစ်ဆု​မွန်ကောင်းတောင်းပေးပါရစေ။

ဘာလိုလိုနဲ့ ထျန်းယာခယ့်ဝတ္ထုဘာသာပြန်လေးပြီးဆုံးသွားခဲ့တာ ၇ လကျော်လောက်ရှိသွားပါပြီ။ ဒါပေမဲ့ ဝမ်းခယ့်ရှင်နဲ့ကျိုးကျစ်ရှူးဆိုတဲ့ဇာတ်ကောင်လေးတွေကိုမမေ့သေးဘဲ အခုချိန်ထိ အကြိမ်ပေါင်းများစွာတစ်ခေါက်ပြီးတစ်ခေါက်ပြန်လာဖတ်နေကြသူတွေရှိသေးတာကိုတွေ့ရတဲ့အတွက် တကယ့်ကိုဝမ်းသာမိပါတယ်။ ကိုယ်က မူရင်းစာရေးဆရာမဟုတ်ဘဲ ဘာသာပြန်သူတစ်ယောက်ပဲဖြစ်တာမို့ ဒီဇာတ်ကောင်တွေရဲ့ပိုင်ရှင်အစစ်မဟုတ်ပေမဲ့ သူတို့လေးတွေက ကိုယ့်အတွက်တော့ မွေးစားကလေးတွေလိုပါပဲ။

ဒါကြောင့် အခုချိန်ထိ သူတို့ကိုအမှတ်တရရှိနေကြသူတွေကို Ling ကလည်း အမှတ်တရလက်ဆောင်ပြန်ပေးတဲ့အနေနဲ့ ဒီနှစ်ထဲမှာ TYK Audio Drama အပိုင်းလေးတွေကိုဘာသာပြန်ပေးဖို့စဉ်းစားထားပါတယ်။ TYK AD က season 2 ခုရှိပြီး စုစုပေါင်းအပိုင်း ၂၁ ပိုင်းရှိပါတယ်။ ဒါပေမဲ့ Ling အနေနဲ့ အပိုင်းအားလုံးကိုဘာသာပြန်ဖို့အချိန်သိပ်မရတဲ့အတွက် ကောင်းနိုးရာရာအပိုင်းလေးတွေကိုပဲရွေးချယ်ပြီးပြန်ဖို့စဉ်းစားထားပါတယ်။

အခုလောလောဆယ်တော့ Season 1 Episode 1 ကိုဘာသာပြန်ပြီး Youtube မှာတင်ပေးလိုက်ပါတယ်။ video link ကို အပေါ်ဆုံးမှာထည့်ထားပါတယ်။ Channel ကို Subscribe လုပ်ထားရင် နောက်ထပ်ဗီဒီယိုအသစ်တွေတင်တဲ့အခါတိုင်း Noti တက်လာပါလိမ့်မယ်။

ထပ်ပြီးပြောချင်တာကတော့ TYK ကိုအမြဲတစေချစ်ခင်မြတ်နိုးပေးကြသူများအားလုံးကို ကျေးဇူးတင်ပါတယ်လို့။ နှစ်သစ်မှာ WenZhou ကို နောက်တစ်ကြိမ်ပြန်တွေ့ပြီး နောက်တစ်ကြိမ်ပြန်ချစ်ကြရအောင် ❤💙

.


သာ့ကျားဟောင်







လေလွင့်ခရီးသည်Where stories live. Discover now