မျက်မမြင် အချစ်(၇)

Start from the beginning
                                    

အခုမှ အသည်းသန်...
ခင်ဗျားကံကောင်းပါတယ် အကိုစစ်မင်းသူ
ခင်ဗျားမှာ ခင်ဗျားကိုအရမ်းချစ်တဲ့ အဖေတစ်ယောက်လုံးရှိတယ်ဆိုတာ ခံစားခွင့်ရခဲ့တယ် ။ ကျွန်တော်ကတော့ အဖေ ၊ အမေဆိုတာ ဘာလဲဆိုတာတောင် မသိလိုက် မခံစားလိုက်ရတဲ့ ဘဝမျိုးပါ ။ ဒီလိုလူမျိုးကို သွေးသားအရင်းလို စောက်ရှောက်ပေးတဲ့ လူတချို့ကို ကျွန်တော်တကယ် တန်ဖိုးထားပါတယ် ။

စည်းရောင်စုံလည်း ဆရာဝန်ကို အကြောင်းကြားထားလိုက်သည် ။

" သား.....သားလေး.... ဖေဖေ... တောင်းပန်ပါတယ်နော်... သားအပေါ်မှာ အဖေတစ်ယောက် တာဝန် မကျေပွန်နိုင်ခဲ့လို့ "

စစ်မင်းသူက သူ့အဖေရဲ့ လက်ကို ကိုင်ကာ
" ဖေဖေရယ်.... ဒါတွေ မပြောပါနဲ့ သားမခံစားနိုင်ဘူး ။ ဖေဖေအရမ်း မောနေတာလား? ခဏနေ ဆရာဝန်ရောက်လာမှာပါ ခဏပဲ တောင့်ခံပါနော်...
ဖေဖေ... "

" ဖေဖေ့.....အကြောင်းဖေဖေသိတယ်သား....
ဖေဖေ့ကို ခွင့်လွှတ်ပေးပါသားရယ် "

" ဖေဖေရယ် သား....သား...ဖေဖေ့ကို ဘယ်တုန်းကမှ အပြစ်မယူခဲ့ပါဘူး ။ ဖေဖေ့ကိုပြောခဲ့တာတွေက ဖေဖေ့ကို သားအနားမှာရှိနေစေချင်လို့ ပြောခဲ့တာပါ...
တကယ်ဆို တောင်းပန်ရမယ့်လူက သားပါ...
သားကို ခွင့်လွှတ်ပါ ဖေဖေ "

" ဖေဖေခွင့်လွှတ်ပါတယ်သားရယ်....
ဖေဖေ့ရဲ့ နောက်ဆုံး ဆန္ဒတစ်ခုကို သားဖြည့်ဆည်းပေးပါလား သားရယ် "

" ပြောပါဖေဖေ သားအတက်နိုင်ဆုံး ဖြည့်ဆည်းပေးပါ့မယ် "

" စည်းရောင်စုံလေးကို ဖေဖေမရှိတော့တဲ့အခါ သားလေးက အိမ်ပေါ်ကနေ နှင်မချပါဘူးဆိုတဲ့ ကတိ.... ဖေဖေရဲ့ သေတမ်းစာထဲကအတိုင်း
လက်ခံပေးပါ့မယ်ဆိုတဲ့ကတိ "

" ဖေဖေ..... "

ရက်စက်လိုက်တာ ဖေဖေရယ်...
နောက်ဆုံးအချိန်ထိတောင် gayတစ်ယောက်ကို
သားကို စောင့်ရှောက်ခိုင်းနေတာလား?
ဖေဖေ့ရဲ့ အခြေအနေကို သားဒီထက်ပိုပြီး မဆိုးစေချင်ပါဘူး....

ရင်နာနာနဲ့ပဲ ဖြည့်ဆည်းပေးပါ့မယ် ဖေဖေရယ်...

တောင်းပန်ပါတယ် သားလေးရယ်...
ဖေဖေယုံကြည်ပါတယ်...
သားလေးလည်း ကလေးရဲ့ ချစ်စရာကောင်းမှုတွေ စိတ်ထားတွေကို သိမြင်လာတဲ့ တစ်နေ့ကျရင် ဖေဖေ့လိုပဲ သားလေးက ကလေးအပေါ်မှာ အချစ်စစ်ကို ပေးစွမ်းလိမ့်မယ်ဆိုတာ ဖေဖေယုံကြည်ပါတယ် ။

မျက်မမြင် အချစ် (မျက်မမြင် အချစ်)boy LoveWhere stories live. Discover now