မျက်မမြင် အချစ်(၁၃)

239 41 17
                                    

စည်းရောင်းစုံတစ်ယောက် စစ်မင်းသူကို အခန်းထဲ လိုက်ပို့ပြီးတော့ ပြန်ထွက်မည်လုပ်
အနောက်က စကားလှမ်းပြောတာကြောင့် စည်းရောင်စုံရဲ့ ခြေလှမ်းတို့ ရပ်တန့်သွားရသည် ။

" ခဏ..... ကျုပ် အအေးသောက်ချင်လို့
မင်းဖျော်တက်လား? "

" ဖျော်တက်ပါတယ်.... အသီးကိုသောက်ချင်တာလား? ရိုးရိုး juiceကို ဖျော်ရမှာလား? "

" ကျုပ်က အသီးဖျောရည်ပဲ သောက်တာ....
စတော်ဘယ်ရီသီးဖျော်ခဲ့ပေး "

" ဟုတ်ကဲ့.... "

" ဒါနဲ့ အဆိပ်တော့ မထည့်ဘူးမလား?"

" စိတ်ချပါ အဆိပ်တော့မထည့်ပါဘူး....
ဒါပေမယ့် ခင်ဗျားကြီး ကျွန်တော့်ကို ကြိုက်လာစေမယ့် ဆေးဆိုရင်တော့ မပြောတက်ဘူးဗျ.... "

" ......ကျုပ်က မင်းကို ဘယ်တော့မှ ကြိုက်လာမှာ မဟုတ်လို့ စိတ်မပူပါနဲ့.... ဒါနဲ့ မင်းက တခြားသူတွေနဲ့ စကားပြောရင် စည်း... စည်း... နဲ့ ကျုပ်နဲ့ကျမှ ဘာလို့ ကျွန်တော်လဲ...
ကျုပ်မကြိုက်ဘူး... စည်းပဲ ပြော မင်းကိုယ်မင်း "

" ဟုတ်ပါဘီဗျ..... ခုတော့ သွားခွင့်ပြုအုံး... "

..........

အမှန်တကယ်တော့ စစ်မင်းသူရဲ့ မျက်လုံးဟာ ပြန်မြင်ရနေပါပြီ ။ ဖေဖေ့ရဲ့အငယ်အနှောင်းကောင်လေးဖြစ်တဲ့
စည်းရောင်စုံရဲ့စိတ်ကို သိချင်တာကြောင့် မျက်စိမမြင်ဟန် ဆောင်နေတာပါ ။
ဖေဖေရဲ့ မျက်လုံးကြောင့်ပဲလားတော့မသိ စစ်မင်းသူရဲ့ အမြင်တွေထဲမှာ စည်းရောင်စုံရဲ့ ပုံရိပ်ဟာ တစ်စတစ်စ ပြောင်းလဲလာခဲ့သည် ။
ဖေဖေ့အတွက် ထိုကောင်လေးရဲ့ စိတ်ရင်းအမှန်တွေ ၊ သူ့အပေါ်ထားတဲ့ စေတနာတွေကို မျက်ဝါးထင်ထင် မြင်တွေ့လာရသည် ။

ဖေဖေက ထိုကောင်လေးကို ဘာအတွက်ကြောင့်
အမွေတွေပေးခဲ့လဲဆိုတာ စစ်မင်းသူ သိချင်သည် ။
ပြီးတော့ ဒီကောင်လေးက ဖေဖေရဲ့ ပစ္စည်းဥစ္စာတွေကို မက်လို့ မိမိအနားမှာ ကပ်တွယ်နေတာလားဆိုတာ သိချင်သည် ။

စစ်မင်းသူဟာ Gayတွေကိုမုန်းသည် ။
Gay ဖြစ်တဲ့ ဒီကောင်လေးကိုလည်း မုန်းသည် ။
Gay တွေကို မုန်းတဲ့စိတ်ကြောင့် စည်းရောင်စုံအပေါ်ကို ပုံချမိသော်လည်း ကိုယ်ကိုတိုင်က နာကျင်နေရပြန်သည် ။

မျက်မမြင် အချစ် (မျက်မမြင် အချစ်)boy LoveWhere stories live. Discover now