မျက်မမြင် အချစ် (၄)

399 32 4
                                    

စည်းရောင်စုံ ကြားလိုက်ရတဲ့ အသံလေးဟာ အာမေဋိတ်တစ်ခုဆိုပေမယ့် စည်းရောင်စုံရဲ့ နားထဲ အရမ်းကို စွဲဆောင်မှုရှိသည်လို့
ထင်ရသည် ။ အသံလာရာဘက်ကြည့်လိုက်တော့ လဲကျနေသည့် ကောင်လေးတစ်ဦး.....

ဘယ်သူများလဲလို့ မေးခွန်းထုတ်နေတုန်း ဦးတက်မင်းလူက ထိုကောင်လေးကို ဆွဲထူလိုက်ကာ သားလေးလို့ ခေါ်လိုက်တာကြောင့် မျင်လုံးပြူးသွားသည် ။ ဒါဆို ဒီကောင်လေးက
ဦးတက်မင်းလူရဲ့ သားပေါ့....

" သားလေး အပြင်ကို တယောက်ထဲ ထွက်လာတာ ဘယ်သွားမလို့လဲ "

" သြော်..... ပြန်လာသေးတယ်ပေါ့ ဖေဖေ "

ထိုကောင်လေးရဲ့ စကားကြောင့် ဦးတက်မင်းလူ မျက်နှာဟာ ဝမ်းနည်းသွားသည် ။ စည်းရောင်စုံကဝင်ပြောချင်ပေမယ့် အပြင်လူဖြစ်နေတာကြောင့် ဘာစကားမှ မဟဘဲ နားထောင်နေလိုက်သည် ။ ဒီကောင်လေးက မျက်စိမမြင်ရဘူးပေါ့ ။ ကောင်လေးသာပြောတယ် သူက မိမိထက် နှစ်နှစ်ကြီးသည် ။ အရပ်ကလည်း မတ်တပ်ရပ်လိုက်တော့ စည်းရောင်စုံထက် ခေါင်းတလုံးစာ ပိုရှည်သည် ။ မျက်နှာ အနေအထားက ဦးတက်မင်းလူနှင့် စင်သယောင်ရှိပေမယ့် သေချာကြည့်ရင်မတူ ။
လေးထောင်ကျတဲ့ မေးရိုးနှင့် ပါးသိုင်းမွှေးစိမ်းစိမ်းလေးလေးတွေရယ် ပြီးတော့
သူ့အဖေနှင့်တူသည့် နှာတံ ၊ မျက်ခုံး လေးတွေ ဒီလောက်ချောမော ခန့်ညားတဲ့ ယောကျာ်းမျိုး အခုမှ တွေ့ဖူးသည် ။ ထိုကောင်လေးဆီမှာ ထူးခြားသည်က နှုတ်ခမ်း သူ့အဖေလို ထောင့်နှုတ်ခမ်းမျိုးမဟုတ်ပဲ အသဲပုံအရမ်းမကျပေမယ့် ဘေးတစ်စောင်းကြည့်လျှင် အသဲပုံနှုတ်ခမ်းလေးမျိုးပင် ။ ထို့ပြင် နှုတ်ခမ်းစပ်က မှည့်ကလေး.......

စည်းရောင်စုံတို့လည်း ထိုသားအဖနှင့်တွေ့မှ လူတစ်ယောက်ကို  ခေါင်းအစခြေအဆုံး
အကုန်လိုက်ကြည့်နေတော့သည် ။

" သားလေးရယ်.... ဖေဖေက ကားရိုက်ရှိလို့ပါ အခုပြန်လာပြီလေ ဖေဖေဘယ်မှ မသွားတော့ဘူးနော် သားနားမှာပဲ
နေပေးတော့မှာ "

ထိုကာင်လေးဆီက ခနဲ့ပြုံးလား လှောင်ပြုံးလားတော့မသေချာ ပြုံးလိုက်တာတော့
သေချာသည် ။ ဒါပေမယ့် ဘာအပြုံးပဲ ဖြစ်ဖြစ်အရမ်းကို လှပသည် ။ သူလည်း သူ့အဖေလို ပါးချိုင့်လေးက ပါလာတာပဲ... ။
ငါဘာလို့ သူ့အလှကို ပုံဖော်နေရတာလဲ?

မျက်မမြင် အချစ် (မျက်မမြင် အချစ်)boy LoveWhere stories live. Discover now