မျက်မမြင် အချစ်(၇)

255 24 4
                                    

ဒီနေ့တော့ ဘယ်လိုကြောင့်မှန်းမသိ စည်းရောင်စုံရဲ့ စိတ်တွေ
လေးနေမိသည် ။

မှေးနေတဲ့ လူကြီးဟာ ခေါင်းကိုက်လို့ ဖြစ်မည် မျက်မှောင်ကျုံ့နေသည် ။
ဦးတက်မင်းလူရဲ့ အနားကိုသွားကာ ခေါင်းလေးကို ပုတ်ပေးတော့ မျက်လုံးပွင့်လာသည် ။

" ဆောတီး..... ကျွန်တော့်ကြောင့် နိုးသွားတာလား? "

ဦးတက်မင်းလူက ရောဂါအခြေအနေကြောင့်ဖြစ်မည် ။ စကားပြောဖို့တောင်မနည်း အားယူနေရရှာသည် ။

" ဟို.... ကိုယ့်ကို ရေတိုက်ပါလား "

" ရေလား? ရမယ် ပေးမယ်နော်.... ခဏ.... ! "

စည်းရောင်စုံက ဖန်ခွက်ထဲ ရေထည့်ကာ ဦးတက်မင်းလူကို တိုက်လိုက်သည် ။

" ကလေး..... ကိုယ်မရတော့ဘူးထင်တယ်....
ကိုယ်တောင့်မခံနိုင်တော့ဘူး ။ သား....သားကို ခေါ်ပေးပါလား? "

" လူကြီး ခင်ဗျားကြီး... ပေါက်ကရတွေမပြောပဲနဲ့ အေးဆေးအနားယူပါ ။ အကိုစစ်မင်းသူကို တွေ့ချင်ရင် ကျွန်တော်ခုပဲ သွားခေါ်ပေးမယ် "

စည်းရောင်စုံ ပြောသာပြောနေရတာ သူ့အသံမှာ ဘယ်လောက် စိုးရိမ်နေသလဲဆိုတာကို တက်မင်းလူရိပ်မိပါသည် ။

စည်းရောင်စုံခြေလှမ်းတွေဟာ ခါတိုင်းထက် နှစ်ဆလောက် ပိုမြန်နေသည် ။
စစ်မင်းသူအခန်းရှေ့ကနေ အခန်းကို ခေါက်ကာ အော်ခေါ်နေမိသည် ။

" အကိုစစ်မင်းသူ..... အကိုစစ်မင်းသူ "

" ပြော ဘာကိစ္စလဲ ".

တံခါးမဖွင့်ပေးပဲ အထဲကနေ ပြန်မေးနေတဲ့ မာနခဲကြီးကို ကျွတ်သတ်မိသည် ။

" ဟိုမှာ ဦးတက်မင်းလူ အခြေအနေက စိုးရိမ်ရလို့ ခင်ဗျားကို မေးနေလို့ လာခေါ်ပေးတာ
လူကို မတူမတန်သလို ဆက်ဆံချင်ရင်တောင် ခင်ဗျားအဖေကို အရင်လာကြည့် "

ဒီတခါတော့ ဦးတက်မင်းလူကို သနားဂရုဏာသက်ကာ စစ်မင်းသူကိုတော့ ဒေါသဖြစ်မိသည် ။

စစ်မင်းသူလည်း သူ့အဖေအကြောင်းကြားရမှ အသည်းသန် တံခါးကို ဖွင့်ကာ စည်းရောင်စုံကိုတောင် ဝင်တိုက်သွားရှာသည် ။

မျက်မမြင် အချစ် (မျက်မမြင် အချစ်)boy LoveWhere stories live. Discover now