မျက်မမြင် အချစ် (၁၉)

249 29 9
                                    

ု့Zee Club ရှေ့ရောက်တော့ စစ်မင်းသူ အံသြသွားသည် ။ သူရုပ်ရှင်တွေထဲမှာပဲ မြင်ဖူးသည့် ကလပ်.... ဒီလိုနေရာမျိုး လာရလိမ့်မယ်လို့်
တစ်ခါမှ စိတ်နဲ့တောင် မတွေးဖူးဘူး ။

ဝင်ဝင်ချင်းပင်
အရက်နံ့တထောင်းထောင်းနဲ့ ဆေးလိပ်နံ့တွေရော မွှန်ထူနေသည့် နေရာ....

မိန်းကလေးတွေဟာလည်း အရှက်တရားဆိုတာ ဘာမှန်းတောင်မသိနိုင်အောင် အတိုအပြတ်တွေနှင့် သူတို့ရဲ့ ပါတနာ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ ပွတ်သတ်ကခုန်နေကြသည် ။ တိတ်ဆိတ်မှုကို နှစ်သက်သည့် မိမိအတွက်တော့
သီချင်းသံကလည်း အတော်လေးဆူညံနေသည် ။

ထို လူအုပ်ကြားထဲ မျက်လုံးလေးဝေ့ကစားရင်း
မိမိတွေ့ချင်သည့် သူကို လိုက်ရှာလိုက်သည် ။
စည်းရောင်စုံက ဒီလိုနေရာမျိုးကို ဘာ့ကြောင့်လာရတာလဲ ။

ဟော တွေ့ပါပြီ စိတ်ဆိုးလေသူ......

စစ်မင်းသူ သွားခေါ်မည် ခြေလှမ်းပြုရုံတင်ရှိသေး
စည်းရောင်စုံရဲ့ ဘေးက ခပ်ချောချော ကောင်လေးတစ်ကောင်ဟာ သူ့ရဲ့ ဆေးလိပ်ကို စည်းနှုတ်ခမ်းနားတေ့ပေးတော့ စည်းရောင်စုံက ဆေးလိပ်ကိုဖွာလိုက်သည် ။
စည်းရောင်စုံက အငွေ့ကို ထုတ်မည်အပြု
ထိုလူစိမ်းကောင်လေးက စည်းရောင်စုံရဲ့ နှုတ်ခမ်းကို တေ့ကာ အငွေ့ကို ယူရင်း နမ်းလိုက်သည် ။ စည်းရောင်စုံက ပထမက ငြင်းမည်အလုပ် ပြီးမှ စိတ်ပြောင်းသွားပြီး ထိုကောင်ရဲ့ လည်ပင်းကို သိုင်းဖက်ကာ ပြန်လည် နမ်းရှိုက်လိုက်သည် ။

စစ်မင်းသူ ဘယ်လိုမှ သီးမခံနိုင်တော့ပါဘူး ။
မိမိအဖေနှင့်တောင် သေလောက်အောင် သဝန်တိုခဲ့တာ အခု သူစိမ်းကောင်နှင့် မိမိရှေ့မှာ လာနမ်းပြနေတာ အသည်းပေါက်ဖို့ ကောင်းလှသည် ။

စစ်မင်းသူ အဲ့ဒီနေရာကို အမြန်သွားကာ ထိုသူစိမ်းကောင်ကို သုံးလေးချက်ဆင့်ထိုးလိုက်ပြီး
စည်းရောင်စုံရဲ့လက်ကို စွဲကာ လူတွေဝေးရာကို အမြန်ခေါ်လာလိုက်သည် ။
ရုတ်ရုတ်သဲသဲဖြစ်သွားသောကြောင့် လူတွေက ဝိုင်းကြည့်ကြသော်လည်း စစ်မင်းသူတို့က လူတွေနဲ့ အလှမ်းဝေးရာကို ရောက်ပြီမို့ ဘာကိုမှ မမူတော့..... ။

မျက်မမြင် အချစ် (မျက်မမြင် အချစ်)boy LoveWhere stories live. Discover now