မျက်မမြင် အချစ်(၃)

423 37 3
                                    

" ကျွန်တော် လိုက်နေပေးမယ် "

ဝမ်းသာအားရ ဖြစ်သွားသော ဦးတက်မင်းလူကြောင့် စည်းရောင်စုံပါ ပြုံးလိုက်မိသည် ။

ကျွန်တော့်ကို ဘာလို့ ပြုံးစေတာလဲ.....။
ဦးတက်မင်းလူ..........

" ကျေးဇူးပါ ကလေးရယ်.... ကိုယ့် မျက်ကြည်လွှာကို သားလေးကို ပေးခဲ့ချင်တယ်
ကလေးကိုယ့်ကို ကူညီပေးပါ သားလေး မျက်လုံး ပြန်မြင်ရတဲ့အထိ သားလေးအနားမှာ နေပေးပါ....
သူ့ဘေးနားကလူတွေက မယုံကြည်ရတာမို့ ကလေးကူညီပေးပါနော်.... ကိုယ်မရှိတော့တဲ့အခါ
သားလေးက တစ်ယောက်ထဲ အထီးကျန်နေတော့မှာ ပြီးတော့ ကလေးရောပဲ....
ကိုယ့်ကိုလွမ်းနေမှာလားဟင်..... "

မျှော်လင့်ချက်ဖြင့်မေးလာသော ဦးတက်မင်းလူရဲ့ အမေးကို ပြန်မဖြေနိုင်သေးပါ ။

" ခင်ဗျားကြီးက အခုရှိနေသေးတာပဲ ကျွန်တော်က ဘာလို့ လွမ်းနေရအုံးမှာလည်း.... ".

ထိုအခါမှ ထရယ်သော ဦးတက်မင်းလူရယ်ပါ
ဒီလူက သူ့ကို ဒီလောက်ထိတောင် ရူးသွပ်တယ်ပေါ့.....

" ပင်ပန်းနေအုံးမယ်....... ခဏလှဲနေပါ ခဏနေရင်
ဆေးရုံက ဆင်းလို့ရပြီ "

" ကလေး တကယ် ကိုယ့်အိမ်လိုက်ခဲ့မှာနော်....."

" တကယ်ပါဆိုဗျာ..... "

စည်းရောင်စုံစကားကိုကြားတော့ ပျော်သွားကာ
ပြန်လှဲကာ ခဏလောက် အမောဖြေနေလေသည် ။
တခါတခါ ကိုက်လာသော  ဦးခေါင်းကြောင့် ပေါက်ကွဲထွက်သွားပြီလားတောင် ထင်ရသည် ။
မိမိကိုယ်မိမိသိပါတယ် အနည်းဆုံးက ၁လထက်မပိုတော့ပါဘူး..... ။

သူပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို
သားလေးကို တစ်ဝက် ၊
ကလေးကို တစ်ဝက်ပေးခဲ့ချင်သည် ။
ကလေးရဲ့ ဘဝကို တက်မင်းလူ အရမ်းသနားသည် ။ ကလေးကို အခုလို ဘဝမျိုး မဖြစ်စေချင်တော့ပါ ။ သူ့ company မှာ ဦးစီးစေချင်သည် ။ သားလေး မျက်စိပြန်မြင်ရတဲ့အခါ နှစ်ယောက်လုံး အတူတူ
အုပ်ချုပ်စေချင်သည် ။

ဦးတက်မင်းလူ ခဏမှေးနေတာကြောင့် ဆရာဝန်ကြီးနဲ့ တွေ့ကာ အခြေအနေကို မေးမြန်းဖို့ ထွက်လာခဲ့သည် ။

မျက်မမြင် အချစ် (မျက်မမြင် အချစ်)boy LoveWhere stories live. Discover now