မျက်မမြင် အချစ် (၂၁)

105 17 4
                                    

အချိန်နာရီတွေဟာ တစ်မိနစ်ကနေ တစ်နာရီ တစ်နာရီကနေမှ တစ်နှစ်ပြီး တစ်နှစ်ကို ကျော်လွန်လာခဲ့တာ ယခုဆိုရင် ၃နှစ်ဆိုတဲ့ အချိန်ကာလကို ရောက်ရှိလာခဲ့လေပြီ ။

သို့ပေမယ့် ယခုချိန်ထိ စည်းရဲ့ အကြောင်းကို မသိရ ။ ဘယ်မှာ နေလဲ ဘာလုပ်နေလဲဆိုတာ စစ်မင်းသူအတွက်တော့ ကောက်ရိုးပုံထဲက အပ်ရှာရသလိုဖြစ်နေသည် ။ ဘာဆိုဘာမှ မသိရ...

စစ်မင်းသူကတော့
ဒီ၃နှစ် အချိန်ကာလအတွင်းမှာ အောင်မြင်တဲ့
အော်ဂဲနစ်စိုက်ပျိုးရေးကုမ္ပဏီရဲ့ CEO
ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်
စီးပွားရေးဘက်မှာရော ပန်းချီလောကမှာပါ
ထိပ်တန်းတစ်ယောက် ဖြစ်နေပြီ ။

သို့ပေမယ့် ရေခဲမင်းသား ၊ အချေမင်းသားဆိုသော ဂုဏ်ပုဒ်ကလည်း ပျိုမေတိုင်းအတွက် စစ်မင်းသူကို ရည်ညွှန်းနေသော စကားလုံးများဖြစ်လာသည် ။

စစ်မင်းသူ မိမိရဲ့ ပန်းချီခန်းထဲကို အလွမ်းပြေဝင်ကြည့်နေရင်း တချိန်ကပုံရိပ်တွေကို ပြန်မြင်ရောင်နေသည် ။

ရေစက်လေးတွေ စီးကျနေသော စည်းရဲ့လည်တိုင်လေး...
နားသယ်စပ်နားကနေ တစက်စက် စီးကျနေတာလေးကလည်း မြင်သူအဖို့ တံတွေးမျိုချမိသည်အထိ ဆွဲဆောင်မှုရှိလှသည် ။
မိမိအနီးကပ် ထိတွေ့မိခဲ့သော နှုတ်ခမ်းဖူးဖူးလေး
အရာအားလုံးဟာ အသက်ဝင်နေတဲ့ ပန်းချီတစ်ခုအဖြစ် ပြောင်းလဲ သွားခဲ့သည် ။
ဒီအသက်ဝင်တဲ့ ပုံတွေရဲ့ ပိုင်ရှင်ကတော့ စည်းရောင်စုံပဲ ဖြစ်သည် ။
မင်းကသိပ်ကို ဆွဲဆောင်မှုရှိတယ် ကောင်လေး...

စစ်မင်းသူ တွေးနေတုန်း ဝင်လာတဲ့ ဖုန်းအသံကြောင့် သတိပြန်ဝင်လာသည် ။

" Hello.... ဘာ...ဘာ... တကယ်ပြောတာလား "

" တကယ်ပါဆရာ..... ကျွန်တော်တို့ သတင်းအတိအကျရထားတာပါ ။ ဒီည flightနဲ့
ပြန်လာမှာပါ ။ ကြားရတာတော့ ဒေါ်ကလျာ နေမကောင်းတာကြောင့်တဲ့....
အကိုလေးစည်းရောင်စုံကို လေယာဉ်ပေါ်က ဆင်းတာနဲ့ ဆရာ့ဆီ တစ်ခါထဲခေါ်ခဲ့ရမလား "

" ရတယ် ..... နေပါစေ.... သူဘာလုပ်မလဲဆိုတာ
ငါသိချင်တယ် ။ ငါ့ကိုသာ သူ့လှုပ်ရှားမှုပုံတွေ အဆက်မပြတ်စေနဲ့ သေချာပို့ပေး "

မျက်မမြင် အချစ် (မျက်မမြင် အချစ်)boy LoveWhere stories live. Discover now