မျက်မမြင် အချစ်(၁၇)

275 30 14
                                    

စည်းရောင်စုံ ကြောင်အ သွားသည် ။
ဒါ...ဒါက.... အနမ်းပေးနေတာ....?
WTH!!

စည်း အခု အနမ်းခံလိုက်ရတာကြောင့် ရင်ထဲက အချစ်တွေ ပိုပြီးတိုးသွားခဲ့သည် ။ သူချစ်သော
ဒီလူသားက သူ့ကို နမ်းတယ်တဲ့....

စည်းအသာလေးငြိမ်ခံနေမိသည် ။ မိမိက ချစ်မိသူကိုး....

ကိုစစ်နဲ့ ပတ်သတ်ပြီး စည်းဘာမှ မတွေးမိပါဘူး ။
မိမိက Uke? Seme?လားလည်း မတွေးမိ ။
ကိုစစ်အတွက်ဆို မိမိရဲ့ ပထမဆုံးကိုပေးဖို့လည်း အဆင်သင့် ၊ ကိုစစ်က bottom ဆိုလည်း
မိမိက ဖြည့်ဆည်းပေးမှာ ဖြစ်သည် ။

ဟိ.... အခုတော့ ကိုစစ်နှင့် တဖြည်းဖြည်း နီးကပ်လာခဲ့ပြီ ။ ကိုယ့်အတွေးအနဲ့ ကိုယ် ပျော်ပျော်ကြီး အနမ်းခံနေပေမယ့် အနမ်းတွေကို ရပ်ကာ ပြောလိုက်သော စကားကြောင့် အပျော်တွေပျောက်ကာ နင်သွားရပြန်သည် ။

ရှက်လည်း ရှက်တာကြောင့် ဒီနေရာကနေခဏလောက် ပျောက်ကွယ်သွားပါရစေ ။

စည်းတစ်ယောက်
အရှက်ပြေ ခြံထဲသွားလိုက်အုံးမယ်ဟု ပြောကာ ပြေးထွက်ခဲ့သည် ။
စိတ်ဆိုးလို့ ရှောင်ခြင်းမဟုတ်ပဲ အပျော်လွန်ပြီး
ဒီလူသားရှေ့က ထွက်ပြေးခြင်းဖြစ်ပါတယ် ။

ခြံထဲရောက်တော့ လေကို ဝအောင်ရှူကာ ကိုယ့်ကိုကိုယ် ပြန်ဆွဲဆိတ်ကြည့်တော့ နာသားပဲ
ဒါဆို အိပ်မက်မဟုတ်ဘူးပေါ့...
သူတကယ် အနမ်းခံရတာပဲ ။

စည်းရောင်စုံ တအံတသြဖြစ်နေတဲ့အချိန် ဘေးက
ကလေးလေးတစ်ယောက်က အနားရောက်လာတာကြောင့် ကြည့်ကြည့်လိုက်တော့ ပါးဖောင်းဖောင်းလေး
မျကနှဲာဝိုင်းဝိုင်းနှင့် အသားညိုညို
နဲ့ ချစ်စရာကလေးငယ် အနည်းဆုံးအသက်က ၇နှစ် ၈နှစ်လောက်ရှိမည် ။

" ဦးလေး...... !"

မိမိကို ဦးလေးလို့ လာခေါ်တာကြောင့် စည်းရောင်စုံ နည်းနည်းတင်းမိသည် ။
ခုဏက ချီးကျုးထားတာ ပြန်ရုတ်သိမ်းတယ် ။
ဖုန်အလိမ်းလိမ်းနဲ့ ပေတိပေစုတ် ကလေးလေး...

" ဘာကွ..... ငါက အခုမှ ငယ်ငယ်လေးရှိသေးတယ်
.... နင့်မေဘိုးအေ.... ဦးလေး?? .."

" ဦးလေးအရွယ်မို့ ဦးလေးခေါ်တာကို....
ဒါဆို ဘယ်လိုခေါ်ရမှာလဲ "

မျက်မမြင် အချစ် (မျက်မမြင် အချစ်)boy LoveWhere stories live. Discover now