မျက်မမြင် အချစ်(၁၈)

230 28 10
                                    

ကိုစစ်အရှေ့မှာ ရှက်နေသော်လည်း စည်းကြောင့်
ကိုစစ်ကို အနှောက်အယှက်မပေးချင်တာက စည်းရဲ့ စေတနာသန့်သန့်ပါ ။
မျက်လုံးမမြင်ရတဲ့သူကို ဟိုဟာလေးယူပေးပါ
ဒီဟာလေး ယူပေးပါဆိုပြီး မမြင်မစမ်းနှင့် လျှောက်သွားနေမှာ မကြည့်ရက်တာကြောင့်
ကိုယ့်အရှက်ကို လက်ကလေးနဲ့ ဖုံးကာ သဘက်ရှိရာဆီ ပြေးလွှားရသည် ။

သဘက်ကို အမြန်ယူကာ မိမိကိုယ်ပေါ်မှာ ပတ်လိုက်ပြီး ကိုစစ်ဘက်ကို လှည့်ကာ

" ဟီး..... " အသံထွက်တောင်
ရယ်ပြလိုက်မိသည် ။ မိမိအဖြစ်ကို ကိုယ့်ဘာသာ သဘောကျမိခြင်း ဖြစ်သည် ။

" မင်းဘာတွေ သဘောကျနေတာလဲ "

ကိုစစ်ရဲ့စကားကြောင့် စည်းလန့်သွားသည် ။

မျက်နှာချိုးသွေးကာ ဘာမှမဟုတ်ဘူးဟု သွားဖြီးပြီး ပြောပြလိုက်ရသည် ။

စစ်မင်းသူလည်း မိမိအရှေ့မှာ ပိုးတုံးလုံးလိုဖြစ်နေသည့် စည်းရောင်စုံကို ကြည့်ကာ ဖက်ထားချင်မိသည် ။
ဖွေးဥနေတဲ့ အသားအရေကို စုပ်ယူနမ်းရှိုက်ချင်သည် ။ မျက်စိကွယ်တဲ့အချိန်ဟာ မိမိရဲ့ လူပျိုပေါက်စအရွယ်ထဲက ဖြစ်လို့ ဘယ်သူ့ကိုမှလည်း မတွေးခဲ့ မမြင်ခဲ့
အခုပထမဆုံး မြင်ရတဲ့ ခန္ဓာကိုယ်လေးကျတော့လည်း ယောကျာ်းသား ဖြစ်ပါရဲ့နှင့် ပြစ်မျိုးမှည့်မထင်လေး........
မိမိဟာ gayတစ်ယောက် ဖြစ်နေပြီလား?
ဂေးတွေကို မုန်းတယ်.....။ ဒါပေမယ့် စည်းရောင်စုံအပေါ်ကျ ဘာလို့ တိမ်းညွတ်နေရတာလဲ....။ ဂေးတာက မျိုးရိုးလိုက်လို့လား....?
စစ်မင်းသူ ဘာမှ မသိချင်ပါဘူး ။ ဘာလို့ဆို စည်းရောင်စုံအကြေ
ဒါပေမယ့် ဒီလူသားဟာ မိမိဖခင်ရဲ့ ချစ်သူ...
ဖခင်ဖြစ်သူနဲ့ ဒီကောင်လေးအတူနေခဲ့တာကို သူကိုယ်တိုင်ကြားခဲ့ရတာ
မိမိဘယ်လိုများ ဖြေဆည်ရပါမလဲ....

စစ်မင်းသူလည်း ကိုယ့်အတွေးနဲ့ကိုယ်စိတ်ဆင်းရဲနေရတာကြောင့်
ဆက်မတွေးတော့ပဲ
အရှေ့ကိုသာထွက်လာလိုက်သည် ။

အချိန်ကလည်း ကုန်တာမြန်လိုက်တာ စစ်မင်းသူ
အပြင်ထွက်လာတော့ လမင်းကြီးတောင် ထွက်လို့နေပြီ....။

အခုလို လောကကြီးကို မမြင်ရဘဲ အမှောင်လောကကြီးထဲမှာ နေခဲ့ရတာ အချိန်တစ်ခုတောင် ကြာမြင့်ခဲ့ပြီ ။ တွယ်တာစရာလည်းမရှိဘဲ တစ်ယောက်ထဲ ပန်းချီတွေနဲ့သာ အဖော်ပြုရင်း နေခဲ့ရတာ
ဒါ့ကြောင့်လည်း ဖြစ်ပါလိမ့်မည် မိမိအပေါ် တွယ်ကပ်နေတဲ့ ဒီတောက်တဲ့လေးအပေါ် အမြင်တွေ ပြောင်းလဲသွားသည် ။

မျက်မမြင် အချစ် (မျက်မမြင် အချစ်)boy LoveWhere stories live. Discover now