မျက်မမြင် အချစ်(၁၄)

236 38 14
                                    

လက်ကိုဆေးထည့်ခိုင်းသော ကြီးစိန်ရဲ့ စေတနာကြောင့် ဗီတာနိုင်းကို ဓားရှရာပေါ်သို့ တစ်စက်နှစ်စက်ချပြီး ပလာစတာလေးသာ ကပ်ထားလိုက်သည် ။

အပြင်ကတံခါးခေါက်သံကြောင့် ကြီးစိန်ဖျော်ရည်လာပို့ပြီဟု ထင်ကာ တံခါးဖွင့်လိုက်ပေမယ့် ကြီးစိန်တော့မဟုတ် ။
ထူးထူးဆန်းဆန်း ကိုစစ်က သူ့အခန်းကို ဘာလို့များလာရတာလဲလို့ စည်းရောင်စုံတွေးနေမိသည် ။

စည်းရောင်စုံရဲ့ တအံတသြပုံစံလေးက အသည်းယားစရာလေးပါ ။
အရင်က စစ်မင်းသူ ဘာ့ကြောင့် သတိမထားမိလဲတော့မသိ ။ သတိထားမိတဲ့အချိန်မှာ စည်းရောင်စုံက အဲ့လောက် ချစ်ဖို့ကောင်းတယ်ဆိုတာ မြင်တွေ့လာရသည် ။

မျက်ဝန်းအပြာရောင်လေးတွေဟာ အရည်ရွှန်းပြီး
အပြာရောင်လေးကို ပိုတောက်ပအောင် လုပ်ဆောင်ပေးနေသည် ။ မျက်ခုံးထူထူလေးနဲ့ မျက်ဝန်းအပြာလဲ့လေးဟာ ပနံသင့်နေပြီး မျက်တောင်မွှေးလေးတွေကလည်း ခပ်စိပ်စိပ်နဲ့ မျက်တောင်မွှေးကော့စရာတောင်မလို အံသြလို့ ပိုပြီးဝိုင်းစက်လာတာကြောင့် ထိုမျက်ဝန်းအကြည့်မှ စသ်မင်းသူ
မရှောင်ရှားမိပါ ။ နှုတ်ခမ်းသားရဲရဲလေးဟာ ပျိုမေတွေလို အရောင်ဆိုးထားခြင်းမဟုတ်ပဲ
သဘာဝအတိုင်းရဲနေတော့ ဖြူဖွေးတဲ့အသားအရေကြောင့် သွေးကြောစိမ်းစိမ်းလေးတွေကိုပါ အနီးကပ်မြင်တွေ့ နေရသည် ။

ဒါဟာ စစ်မင်းသူဘဝမှာ မျက်လုံးစမြင်ပြီးထဲက လူတစ်ယောက်ကို ပထမဆုံးအကြိမ် စေ့စပ်စွာ ကြည့်ဖူးတာပါ ။

စည်းရောင်စုံ ခေါ်မှပဲ သတိကပ်လာသော စစ်မင်းသူ....

" ဟို..... အကိုစစ်မင်းသူ ဘာလိုလို့လဲမသိဘူး "

" မင်းကို ကျုပ် အအေးဖျော်ခိုင်းထားတာ ရပြီလား? လာမေးတာ.... "

" ဟို...... "

စည်း ဖြေရခက်နေချိန်မှာ ကြီးစိန်က ရောက်လာသည် ။

" စည်းလေး ဖျော်ခိုင်းထားတာရပါပြီနော်.... "

" ဒါ..... ဆို မင်းမဖျော်ဘူးပေါ့.... "

စည်းမှာ ပြန်ဖြေစရာ စကားလုံးမရှိပါ ။
ကိုယ်ကတော့ စေတနာနဲ့ လုပ်ပေးချင်တာပါပဲ ။
သို့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် တလွဲဖြစ်သွားတာကို ဘယ်လိုရှင်းပြရမလဲဆိုတာ စည်းမသိပါဘူး ။
ဆင်ခြေလည်း မပေးချင်ပါဘူး ။

မျက်မမြင် အချစ် (မျက်မမြင် အချစ်)boy LoveWhere stories live. Discover now