မျက်မမြင် အချစ် (၅)

324 29 1
                                    

စစ်မင်းသူ စိတ်ညစ်တာကြောင့် ခြံထဲက ပန်းရုံထဲမှာ တထောထိုးနေမိသည် ။ ဒါကလည်းမေမေ့အမွေတွေထဲက တစ်ခုအပါအဝင်ပါပဲ ။ မေမေဟာ စစ်မင်းသူ ငယ်ငယ်ထဲက တယောထိုးတာလေးကို သင်ပေးခဲ့သည် ။ ပြီးတော့ မေမေ့အကျင့်ဟာ ဝမ်းနည်းတိုင်း တယောထိုးတာပါပဲ ။ စစ်မင်းသူဟာ မေမေကွယ်လွန်သွားတော့ မေမေ့တယောလေးနဲ့ မေမေ့ကိုလွမ်းတိုင်း ၊
အထီးကျန်တိုင်း ၊ ဝမ်းနည်းတိုင်း ဒီတယောလေးကို ထိုးဖြစ်သည် ။

စည်းရောင်စုံက အရင် ညစာစားဖို့ အောက်ကိုဆင်းလာခဲ့သည် ။ ဦးတက်မင်းလူက
သွားနှင့် သူလိုက်လာမည်ဟု ပြောသောကြောင့်
စည်းရောင်စုံတစ်ယောက်ထဲ ထွက်လာခဲ့ခြင်းဖြစ်သည် ။

ဘာရယ်မဟုတ် တယောသံလေးကို ကြားလိုက်ရတော့ ရင်ထဲအမျိုးအမည် မသိတဲ့
ခံစားချက်မျိုး ခံစားလိုက်ရသည် ။
သာယာညိမ့်ညောင်းတဲ့ အသံမျိုးမဟုတ်ပဲ
တစ်ခုခုကို နာကျင်နေရတဲ့ အသံမျိုးဖြစ်နေသည် ။
အသံလာရာဘက်ကို စည်းရောင်စုံ သွားကြည့်မိတော့ ကိုစစ်မင်းသူက တယောထိုးနေသည် ။ မျက်နှာအမူအရာ မပါပေမယ့် ကိုစစ်မင်းသူရဲ့ မျက်နှာပေါ်မှာ ဝမ်းနည်းရိပ်တွေ ၊ နာကျင်ရိပ်တွေ ၊ အထီးကျန်မှုတွေကို စည်းရောင်စုံ ဘာလို့များ ခံစားမိနေရပါလိမ့် ။

စည်းရောင်စုံရဲ့ ခြေအစုံဟာ ဘယ်တုန်းက စစ်မင်းသူထံ လျှောက်သွားလဲဆိုတာမသိလိုက်ရ ။
စည်းရောင်စုံ သတိထားမိတဲ့အခါ သူက စစ်မင်းသူအနားတောင် ရောက်နေပြီ ။

စည်းရောင်စုံက စစ်မင်းသူအနားရောက်တဲ့အခါ မျက်စိမမြင်ရတဲ့ စစ်မင်းသူက သတိထားမိသည်ဖြစ်မည် ။ အနောက်ကို ခြေတစ်လှမ်း ဆုတ်သွားပြီး မျက်မှောင့် ကျုံ့လာသည် ။

" မင်း..... ဘာလိုချင်လို့ ငါ့အနားလာနေတာလဲ...."

" မဟုတ်.... ကျွန်တော်က အကိုစစ်မင်းသူရဲ့ တယောသံလေးကို သဘောကျလို့ပါ "

စည်းရောင်စုံက အနားထပ်တိုးတော့ စစ်မင်းသူဟာ အနောက်သို့ ခြေတစ်လှမ်း ထပ်ဆုတ်သွားသည် ။ စစ်မင်းသူက မမြင်ရပေမယ့် စည်းရောင်စုံက မြင်ရတာကြောင့်
လဲကျတော့မယ့် စစ်မင်းသူကို လှမ်းဆွဲလိုက်တော့ အားကြီးတဲ့ စစ်မင်းသူကြောင့် သူပါရောပြီး လဲကျသွားသည် ။ အနောက်က ပန်းပင်တွေပေါ် ပစ်လဲသွားတာကြောင့် နာကျင်မှုတော့မရှိနိုင်ပါ ။
စည်းရောင်စုံက စစ်မင်းသူအပေါ်မှာ ထပ်လျက် လဲကျနေတာကြောင့် နှစ်ဦးသားအကြားအကွာအဝေးဟာ ၁လက်မတောင် မကျန်ချင် ။ နှာခေါင်းချင်းထိစပ်နေကြသည်အထိ နီးကပ်နေသည် ။

မျက်မမြင် အချစ် (မျက်မမြင် အချစ်)boy LoveWhere stories live. Discover now