မျက်မမြင် အချစ်(၁၅)

274 31 2
                                    

ဒီနေ့ ကိုစစ်နဲ့ စတော်ဘယ်ရီခြံဆီသွားရတော့မှာမို့
စည်းပျော်နေမိသည် ။
ခြံထဲကို တစ်ခါမှ မသွားဖူးပေမယ့် အဝတ်အစားအပြင်အဆင်ကအစ ဂရုစိုက်နေမိသည် ။ ဘာလို့ဆို ချစ်ရသူကြီးနဲ့ သွားရမှာကိုး......

စည်းရောင်စုံ မှန်ထဲမှာ ကိုယ့်ကိုကိုယ် သေချာပြန်ကြည့်ပြီး

" မိုက်သွားပြီ....."

ဆံပင်ကေ မပျက်အောင် အသာလေးလက်နဲ့ လှန်တင်လိုက်သေးသည် ။

......

စည်းရောင်စုံ ဓာတ်လှေကားနားရောက်တော့ စစ်မင်းသူက မသိမသာ ရပ်နေသည် ။
အပြင်လေးတစ်ခါသွားပါတယ် ။ ထွက်ကိုမလာတော့ဘူး ဘာတွေများ ဒီလောက်ထိပြင်နေလည်း မသိ ။
မိမိက မျက်စိမမြင်ရဘူးဆိုတော့ ဘယ်သူ့ကိုများ ပြဖို့ ပြင်ဆင်လာလည်းမသိ ။ တော်သေးတာပေါ့ စစ်မင်းသူကို မြင်ပေသေးလို့  နို့မို့ဆို ဘယ်လောက်ထိ ထပ်စောင့်နေရမလဲမသိ ။

စစ်မင်းသူ ဒီနေရာမှာ ရပ်စောင့်နေတာ နာရီဝက်နီးပါးတောင် ရှိလောက်သည် ။
ကြည့်ရသေးတာပေါ့ အချိန် ဒီလောက်ကြာပြီး
ဘာတွေ ပြင်နေလို့လဲဆိုတာ....

စစ်မင်းသူရဲ့ မျက်လုံးတွေဟာ အကြည့်မလွှဲနိုင်လောက်အောင်အထိ
ဖြစ်သွားရသည် ။ တစ်ခါမှ စည်းရောင်စုံကို ဒီလိုပုံစံမျိုးနဲ့ မတွေ့ဖူးတာကြောင့်လဲဖြစ်မည် ။

သူ့ကိုယ်သူ ကလေးများထင်နေလားမသိ.....ဝတ်ထားတာက 
ကောင်းဘွိုင်ပုံစံနဲ့ toy storyထဲကWoodyလို ဝတ်စားဆင်ယင်မှုနဲ့တောင် ဆင်တူနေသေးသည် ။
လက်မှာလည်း ဦးထုပ်ကပါသေးတယ် ။ စစ်မင်းသူကို မြင်တော့
စပ်ဖြဲဖြဲနဲ့ရယ်ပြသည် ။
ပြီးမှ စစ်မင်းသူ မျက်စိမမြင်ရတာကို သတိရသွားလို့ ဖြစ်မည် ရုပ်ကိုပြန်တည်ပြီး စစ်မင်းသူအနားကို အမြန်လျှောက်လာလေသူ
စည်းရောင်စုံ.......

" မင်းက ကြာလိုက်တာ....
မိန်းမလည်းမဟုတ်ဘဲ ..... ဘာတွေ အဲ့လောက်တောင် ပြင်ဆင်နေတာလဲ "

စစ်မင်းသူက ဆူလိုက်တော့ အောက်နှုတ်ခမ်းကို ကိုက်က မဲ့လာသော စည်းရောင်စုံရဲ့ အမူအရာကြောင့် စစ်မင်းသူရင်ထဲ ဒိတ်ခနဲ ဖြစ်သွားသည် ။
မိန်းကလေးတွေလို ပဲများခြင်းမဟုတ်ဘဲ အလိုမကျသောကြောင့် မဲ့သွားသည့်ပုံ......။

မျက်မမြင် အချစ် (မျက်မမြင် အချစ်)boy LoveWhere stories live. Discover now