မျက်မမြင် အချစ် (၁၆)

348 36 43
                                    

ကိုစစ်ရဲ့ အပြုံးတွေက သိပ်လှတာပဲ ။

စည်းရောင်စုံ အိပ်ပျော်သွားတာကြောင့် ဆိုက်ခင်းကို ရောက်နေမှန်းမသိလိုက် ဘေးကလူကို ကြည့်လိုက်တော့လည်း မရှိပြန် ။
ဒါ့ကြောင့်ပဲ ကားပေါ်ကအမြန်ဆင်းကာ ကိုစစ်ကို လိုက်ရှာရအုံးမည် ။ မျက်လုံးမြင်ရတာလည်း မဟုတ်ပဲ လျှောက်သွားနေရင် တွေ့ရာအကုန် ဝင်တိုက်ပြီး ချော်လဲနေမှဖြင့်......

အတွေးနဲ့တင် အတော်လေးစိုးရိမ်လာပြီး သွတ်လတ်သော ခြေလှမ်းတို့ဖြင့် လျှောက်နေသည် ။ သိပ်မကွာတဲ့ အကွာအဝေးတစ်ခုမှာ တွေ့လိုက်ပါပြီ စည်းရဲ့ ချစ်ရသူ ကိုစိမ်းကားကြီး....

လေကို လက်ဆန့်တန်းပြီး ရှူရှိုက်နေတဲ့ ကိုစစ်ရဲ့ပုံစံဟာ စည်းရောင်စုံ တွေ့ဖူးသမျှထဲမှာ အခန့်ညားဆုံးပါပဲ ။ ဂျင်းအင်္ကျီအပွလေးကို အပေါ်က ထပ်ဝတ်ထားပြီး အထဲက လက်တို အဖြူရောင်လေးနှင့် ဂျင်းဘောင်းဘီ နက်ပြာတို့ဟာ ချောမောပြီးသား ကိုစစ်ကို ပိုပြီး
ပေါ်လွင်အောင် ပုံဖော်နေကြသည် ။

ကိုစစ်ရဲ့ ပုံရိပ်ကို တစ်ခုမှ အလွတ်မမေးပဲ
စည်းရဲ့ စိတ်ထဲမှာ လိုက်မှတ်နေသည် ။
ဒါ....ဒါ..... ကိုစစ် ပြုံးလိုက်တာပဲ....

ကိုစစ်ရဲ့ အပြုံးတွေက သိပ်လှတာပဲ...။

စည်းရောင်စုံ ဒီနေရာမှာပဲ ခဏလောက် ကြောင်အသွားမိသည် ။ တစ်ခါမှ မပြုံးတဲ့သူက ဘာကြောင့်များပြုံးပါလိမ့်ဆိုတာ သိချင်မိသည် ။
ကိုစစ်ရဲ့ အပြုံးကို ဘယ်သူကများ ဖန်တီးပေးတာလဲ....
စည်းရောင်စုံ မနာလိုတောင်ဖြစ်မိသည် ။

မိမိကိုဆို အမြဲ ရန်လိုနေတဲ့ ကိုစစ်ဟာ ခုကျတော့
ပြုံးတယ်တဲ့....။

ဘာပဲဖြစ်ဖြစ် ကိုစစ်အပြုံးကို မြင်ရလို့ စည်းဝမ်းသာပါတယ် ။
စည်းအတွေးကိုရပ်ပြီး ကိုစစ်ဆီကို သွားလိုက်သည် ။

" အကိုစစ်မင်းသူက စည်းကိုမနှိုးပဲ ဘာလို့သွားတာလဲ "

အနောက်က စကားသံကြားတော့ စစ်မင်းသူ လှည့်ကြည့်လိုက်သည် ။

" မင်းက အိပ်နေတာကို....
ကျုပ်အဲ့လောက် လူမှုရေးမခေါင်းပါဘူး....။ "

မျက်မမြင် အချစ် (မျက်မမြင် အချစ်)boy LoveWhere stories live. Discover now