ရုံးကပြန်ရောက်တော့ ကြီးစိန်ကို ဧည်သည်လာမည်ဟုပြောပြီး ထမင်းဟင်းချက်ခိုင်းကာ
အပေါ်ထပ်ကိုတက်လာရင်း
မခင်ရတနာမင်းကို ထမင်းစားဖိတ်ထားတဲ့ ကိစ္စကို ကိုစစ်ကို ပြောဖို့ အခန်းတံခါးခေါက်ကြည့်တော့
ပြန်မဖြေတာကြောင့် တံခါဒကို ဖွင့်ကြည့်တော့ အခန်းထဲမှာလည်းမရှိ ။
ဒါ့ကြောင့် စည်းရောင်စုံလည်း အရင်ဆုံးရေမိုးချိုးအဝတ်စားလဲပြီးမှ လိုက်ရှာတော့မည်ဟု တွေးကာ ပြန်ထွက်
လာလိုက်သည် ။စည်းရောင်စုံ ရေမိုးချိုးပြီး ဒူးတိုကွာတားဘောင်းဘီနှင့် အဝါရောင်hoodieလေးကို ဝတ်ထားသည်မှာ အရမ်းကို လိုက်ဖက်လွန်းပြီး ဆံပင်ကလည်း ခေါင်းလျှော်ထားတာမို့ နှဖူးပေါ်အိကျနေတော့
စည်းရောင်စုံရဲ့ပုံမှာ အပြစ်ကင်းစင်သည့်
ကလေးတစ်ယောက်လို ပုံရိပ်ကို
ဖြစ်ပေါ်စေသည် ။ခုဏက ကိုစစ်ကို မတွေ့တာကြောင့် အခုလိုက်ရှာရအုံးမည် ။ စည်းထင်တာတော့ ပန်းချီဆွဲခန်းထဲမှာပဲ ဖြစ်မည် ။
စည်းသွားကြည့်တော့ ဟုတ်သည် ။ပန်းချီဆွဲနေတဲ့အချိန်ဟာ ကိုစစ်ရဲ့ အချောဆုံးအချိန်ဖြစ်လိမ့်မည်လို့
စည်းထင်သည် ။ အင်း.....ထင်သည်လို့တော့မဟုတ်ဘူး ။
မြင်သူတိုင်းက ပြောကြမှာအမှန်ပါပဲ ။စုတ်တံကိုကိုင်ကာ ပန်းချီလှလှလေးတွေကို ပုံဖော်နေသော ကိုစစ်ကို ချောင်းဟန့်အသံပေးကာ
ထမင်းစားဖိတ်ထားသည့် အကြောင်းကို ရှင်းပြရသည် ။" မင်းက ကျုပ်ကိုမမေးပဲ ဘာလို့ မင်းသဘောနဲ့ ဖိတ်လိုက်ရတာလဲ "
" သူကလည်း အကိုစစ်မင်းသူရဲ့ ညီမပါပဲ ။
ပြီးတော့ ကျွန်တော်လည်း company နဲ့
ပတ်သတ်ပြီး မေးစရာလေးတွေ ရှိလို့ ဖိတ်လိုက်ရတာပါ ။ ခင်ဗျားမကြိုက်ရင် အိမ်လာရင် နှင်ထုတ်လိုက် ကျွန်တော်လုပ်ရတာ ခင်ဗျားအတွက်ပဲ "စစ်မင်းသူက လက်က ဆွဲလက်စ စုတ်တံက ရပ်တန့်သွားပြီး
" မင်းဘာသာ မင်းဖွန်ကြောင်ချင်လို့ ဖိတ်ခဲ့တာကို
ကျုပ်အတွက်ဆိုပြီး နာမည်မတပ်စမ်းပါနဲ့ "(Jဝင်နေသော Seme gyi ):
" ဟုတ်ပါပြီ ကျွန်တော်ကပဲ ဖွန်ကြောင်တာပဲ ထားပါတော့ ....
ခဏနေရင် သူမလာတော့မှာ ခင်ဗျား ဆင်းလာခဲ့ "

YOU ARE READING
မျက်မမြင် အချစ် (မျက်မမြင် အချစ်)boy Love
Romanceမျက်စိမမြင်သူ ကောင်လေးတစ်ယောက်ကို မြင်မြင်ချင်း သနားဂရုဏာသက်ကာ မေတ္တာသက်ဝင်ခဲ့သူ........ သနားလို့ ချစ်ခဲ့တာမှန်ပေမယ့် သူ့ကိုစွဲလမ်းခဲ့တာကတော့ သနားစိတ်ကြောင့် မဟုတ်ခဲ့ပါဘူး....... ငါ့အချစ်တွေကို မင်းမြင်အောင် မကြည့်ခဲ့လို့ ငါဝမ်းမနည်းပါဘူးကွ.... ဒါပေ...