မျက်မမြင် အချစ်(၂၀)

186 20 6
                                    

စည်းရောင်စုံဆိုတာ ဘယ်တော့များမှ အချစ်ခံရပါ့မလဲ....
ပထမဆုံး မိမိကို သဲသဲလှုပ်ချစ်ပေးသည့် သူကျ
ကံတရားက တွေ့ခွင့်ပေးပြီး ပြန်ရုတ်သိမ်းသွားတယ် ။
မိမိက ချစ်မိသည့် သူကျတော့လည်း မိမိအပေါ်ကို
တစ်ချက်ကလေးတောင် လှည့်မကြည့် မိမိဘဝကဘာကိုများ နှစ်သက်စရာရှိပါလိမ့်..
အရင်က စည်းဘဝဟာ မနှစ်မြို့စရာကောင်းသော်လည်း
မိမိနေထိုင်သည့်ဘဝကို ကျေနပ်သေးသည် ။
အခုကတော့ တချိန်လုံးစိတ်ညစ်စရာတွေနဲ့ပဲ ပြည့်နှက်နေခဲ့သည် ။
စည်းအခုတော့ သိလိုက်ရပါပြီ ဘဝက ကိုယ်ထင်ထားသလို ကိုယ်လိုချင်သလို ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူးဆိုတာကို....

အခုလည်း မိမိကသာ စိတ်ရင်းအမှန်နဲ့ အရင်လိုပုံစံပျောက်ကွယ်ပြီး သူ့အပေါ်ကို ဖြည့်ဆည်းပေးနေတာ သူကတော့ ကိုယ့်ကိုမယုံကြည်မှုတွေနဲ့ပဲ အမြဲတမ်းနှိပ်စက်နေခဲ့သည် ။
တကယ်ပဲ ပြေးထွက်သွားချင်နေပြီ ။

ကိုစစ်အနားကနေ ထွက်သွားရင် အနာကျင်ရဆုံးသူက စည်းပဲဖြစ်လိမ့်မည် ။
ဒါပေမယ့် စည်းရဲ့ အချစ်တွေကို စော်ကားတဲ့သူနဲ့တော့ အတူဆက်မနေချင်တော့ပါဘူး....။

ကိုစစ်ရဲ့အိမ်ကိုလည်း စည်းမပြန်မိပါ ။
တီကလျာက စည်းကို စိတ်ပြေလက်ပျောက် ဘန်ကောက်က သူ့ဆိုင်ကို စည်းကို မန်နေဂျာအဖြစ်နဲ့ သွားပြီး ကြီးကြပ်စေတာကြောင့် စည်းလည်း လက်ခံလိုက်ပြီး မြန်မာနိုင်ငံက ထွက်သွားဖို့ ဆုံးဖြတ်လိုက်သည် ။

...........

စစ်မင်းသူ အိမ်ကိုပြန်ရောက်တော့ ခြေကုန်လက်ပန်းကျမိသည် ။
စည်းကို သူနားမလည်ပေးခဲ့ပဲ မိမိဖြစ်ချင်တာ ပြောချင်တာကိုပဲ အတင်းလုပ်ခဲ့သည် ။
ဘယ်လိုပြန်ချော့ရမလဲ......စည်းရယ်.....

မနက်ဖြန်အတွက် company မှာ မိမိနေရာကို ပြန်ယူပြီး အလုပ်ပြန်လုပ်ရမည် ။
လူရှေ့သူရှေ့ကို ထွက်ဖို့အချိန်ရောက်ပြီ ။
မိမိလိုချင်တာကို ရဖို့အတွက် မိမိမှာ ထိုက်သင့်တဲ့ အရည်အချင်း ရှိရမည် ။
ဖေဖေဘာလို့ စည်းကို အဲ့လောက်ထိချစ်လည်းဆိုတာကိုလည်း စစ်မင်းသူ နားလည်လာခဲ့ပြီ ။

မျက်မမြင် အချစ် (မျက်မမြင် အချစ်)boy LoveWhere stories live. Discover now