မျက်မမြင် အချစ် (၆)

340 21 1
                                    

မနက်အိပ်ယာနိုးတော့ ဦးတက်မင်းလူဟာ ခေါင်းတွေအရမ်းကိုက်ပြီး အိပ်ယာကမထနိုင် ဖြစ်လို့ ဆရာဝန်ပင့်ပေးရသည် ။
အကိုစစ်မင်းသူကတော့ ဘာကိုမှ မသိရှာဘူးထင်တယ် ။ တကယ်တော့ အကိုစစ်မင်းသူက အရမ်းကို ကံကောင်းတဲ့သူပါ ။
သူ့ကို ချစ်ပေးမယ့် အဖေရှိတယ် ၊ အမေက မရှိတော့ပေမယ့် ရှိခဲ့တုန်းကလည်း အရမ်းကို ဂရုစိုက်ပြီး ချစ်ပေးရှာမှာ စည်းရောင်စုံဆိုတဲ့ မိမိမှာတော့ ဘယ်သူမှ မရှိပါဘူး ။ မိဘဆိုတာ ဘာမှန်းတောင်မသိလိုက်ရ ။ အိမ်မှာရှိတဲ့ ဖေဖေနှင့်မေမေပုံကလွဲ၍ ကျန်တာ ဘာမှမသိရတဲ့ မိမိနှင့်စာရင် သူကအရမ်းကို ကံကောင်းတဲ့သူပါ ။

တကယ်တော့ ဦးတက်မင်းလူက အကိုစစ်မင်းသူကို ပြောပြသင့်သည်လို့ စည်းရောင်စုံထင်သည် ။ သို့ပေမယ့်လည်း ဒါဟာ သူတို့ သားအဖကြားက ပြဿနာပါ စည်းရောင်စုံနဲ့မှ မဆိုင်တာ......

စည်းရောင်စုံတစ်ယောက်
ကျယ်ဝန်းလှတဲ့ ခြံအကျယ်ကြီးထဲမှာ လမ်းလျှောက်နေတုန်း အိမ်ရှေ့က ကားဟွန်းတီးသံကြားလို့ ကြည့်လိုက်မိတော့
တီကလျာကားပင်ဖြစ်သည် ။
ခြံစောင့် ဦလေးကြီးက သွားဖွင့်ပေးတော့ ကားပါကင်မှာ ကားလေးထိုးပြီး တီကလျာနှင့် မမချစ်တို့က ဆင်းလာတာကြောင့် စည်းရောင်စုံလည်း ပျော်သွားသည် ။ စညးရောင်စုံ အိမ်အကျယ်ကြီးမှာ ပျင်းနေခဲ့တာ တီကလျာတို့ မမချစ်တို့ကိုလည်း လွမ်းနေတာရယ်....

တီကလျာတို့ အနားရောက်သွားတော့

" တီကလျာနဲ့ မမချစ်တို့က လူနာလာကြည့်တာလား....?
စည်းကိုလာတွေ့တာလား? "

မမချစ်က စကားဝင်ထောက်လိုက်သည် ။

" အမယ် ဘယ်သူ့ကိုတွေ့စေချင်နေတာလည်း "

" မဟုတ်ပါဘူး 😁 စည်းလည်းပျင်းနေတာ
မမချစ်တို့နဲ့ ဈေးဝယ်မထွက်ရတာ ကြာလို့ သတိရနေတာ "

" ဟုတ်ပါပြီ ..... စည်းရဲ့ လူကြီးရော
အခြေအနေ? "

" မမချစ်တို့ ကိုယ်တိုင်သာ ဝင်ကြည့်တော့ စည်းခေါ်ပေးမယ် "

တီကလျာက နဂိုထဲက စကားနည်းသူမို့ စည်းရောင်စုံတို့ ပြောနေတာကိုသာ နားထောင်နေသည် ။

မျက်မမြင် အချစ် (မျက်မမြင် အချစ်)boy LoveWhere stories live. Discover now