မျက်မမြင် အချစ်(၂၂)

198 21 6
                                    

့တီကလျာရဲ့ နောက်ဆုံးအချိန်ကို အကောင်းဆုံးပို့ဆောင်ခဲ့သည် ။
စည်းလည်း အခုချိန်ထိ တရေးမှမအိပ်ရသေး..
လူက ယိုင်တိုင်တိုင် ဖြစ်နေပေမယ့် ဧည့်သည်တွေပြန်တဲ့အထိ
သည်းခံနေရသေးသည် ။

မမချစ်က သွားနားဖို့ ပြောပေမယ့် မိန်းကလေးဖြစ်တဲ့ သူတောင် မနားတာ မိမိက နားရင် အားနွဲ့ရာ ကျနေအုံးမယ် ။
စည်းရောင်စုံ တွေးနေတုန်း မျက်လုံးထဲ ဝင်လာတဲ့ အရိပ်အယောင်က အနက်ရောင်ဝတ်ဆင်ထားသည့် ခန့်ညားပြီး ဂုဏ်အရှိန်အဝါတွေ တောက်ပနေသည့် မိမိချစ်သော လူသား.....
စည်း အိပ်မက် မက်နေတာလား? အိပ်မက်ဆိုရင် မနိုးထချင်တော့ဘူး....
စည်းကို ပြုံးပြနေသည့် ကိုစစ်...
နွေးထွေးလွန်းသည် ။
ခဏလောက် ခိုနားခွင့်ပြုပါ ။
ခုဏက အားတင်းထားသမျှ လွှတ်ချလိုက်သည် ။
စည်းရဲ့ မျက်လုံးတွေ ပိက်ကျသွားပြီ ။

မိမိကို မြင်တော့ ပျော့ခွေကျလာသော ကောင်လေးရဲ့ ခန္ဓာကိုယ်ကို ပြေးဖမ်းလိုက်တာကြောင့် ကြမ်းပြင်ပေါ်မကျဘဲ မိမိရင်ခွင်ထဲသို့ ကျရောက်လာသော ကောင်လေး

" ဟယ်.... စည်း.... သွားနားပါဆိုတာကို နားမထောင်ပဲ ပေကပ်နေတယ် အဲ့ကောင်လေးက
လာ....အကိုစစ်မင်းသူ.... သူ့ကို အိပ်ခန်းထဲ တခါထဲ ထည့်ပေးပါအုံး "

ထိုကောင်မလေး စကားကြောင့် စည်းရောင်စုံကို ပွေ့ချီကာ အိပ်ခန်းထဲသို့ သယ်လာခဲ့သည် ။

" အကိုစစ်မင်းသူက "

ထိုကောင်မလေး မမေးခင် စစ်မင်းသူက ဦးအောင်ဖြေလိုက်သည် ။ ဒါမှ မိမိတို့နှစ်ယောက်ကို အချိန်ပေးမည် မဟုတ်လား?

" စည်းရောင်စုံကို လာတွေ့တာပါ "

" အော်... ဟုတ် ဒါဆို ချစ်ချစ် ဧည့်သည်တွေ ဧည့်ခံလိုက်အုံးမယ် စည်းကို အကိုစစ်မင်းသူနဲ့ အပ်ခဲ့ပြီနော်..."

စစ်မင်းသူ ခေါင်းပဲ ညိမ့်ပြလိုက်သည် ။ မျက်လုံးကတော့ စည်းရောင်စုံဆီမှလွဲ၍ ဘယ်မှ မရောက်....

ဘန်ကောက်မှာ အနေကြာလို့ဖြစ်မည် မိမိချစ်ရပါသော ကောင်လေးရဲ့အသားအရေဟာ
ပန်းနုရောင်လေးသန်းနေပြီး ဖွေးဥနေသည် ။

မျက်မမြင် အချစ် (မျက်မမြင် အချစ်)boy LoveWhere stories live. Discover now