အခန်း ၅၃ (နှစ်သစ်ကူးပွဲတော်ကျင်းပခြင်း)

11.3K 2.2K 232
                                    

အခန်း ၅၃

နှစ်သစ်ကူးပွဲတော်ကျင်းပခြင်း

ဝမ်းခယ့်ရှင်သည်ကား ပြောလျှင်ပြောသည့်အတိုင်း လုပ်တတ်သူဖြစ်သည်။ သူက ဧရာမကျောက်တိုင်ကြီးတစ်တိုင်ကိုစိုက်ထူလိုက်ပြီးသကာလ အဘိုးအိုလုံကို ချီးမွမ်း ဂုဏ်ပြုသောအားဖြင့် သင်္ချိုင်းစာတစ်ပုဒ်ကို ဖြည်းဖြည်းချင်း အချိန်ယူရေးသားလေ တော့သည်။ ၎င်းမှာ အမှန်တကယ်ကိုပင် 'ဖြည်းဖြည်ချင်း' ရေးသားနေပေရာ သူ့ပုံစံမှာ ချည်ထိုးပန်းထိုးလုပ်နေသည်နှင့်ပင် တူနေသယောင်။ တစ်နေ့လုံးကြာမှ စာလုံးရေ ဆယ်လုံးခန့်သာ ထွင်းဆစ်ပြီးသည့်အပြင် ထိုစာလုံးများကို အပေါ်၊ အောက်၊ ဘယ်၊ ညာ အရပ်မျက်နှာရှုထောင့်ပေါင်းစုံမှ လှည့်ပတ်ကြည့်ရှုလိုက်သေး၏။ စာကြောင်းတိုင်းမှာ ကာရန်နံဘေညီရမည်ဖြစ်သလို လက်ရေးလက်သားမှာလည်း လှပသေသပ်ရမည် ဖြစ်သည်။ တစ်ကြောင်းရေးပြီးသည့်အခါတိုင်း အနောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ကာ သူ့စာသားကို သူ့ဘာသာသူ ခဏခဏပြန်ကြည့်ရင်း ဖရဏပီတိဂွမ်းဆီထိနေပြန်၏။ ၎င်းမှာ လက်နှစ်ဖက်ကိုနောက်ပစ်ထားပြီး ခေါင်းတဆတ်ဆတ်ညိတ်နေလျက် သူ့ကိုယ်သူ ကဗျာဆရာကြီး 'လီပိုင်' အလား၊ ကဗျာဆရာကြီး 'တုဖူ' ဝင်စားထားသူအလား တွေးထင်နေတော့သည်။

စာပါအကြောင်းအရာတို့ကို ဖတ်ရှုကြည့်လိုက်ပါမူ သူ၏ထောင်ပေါင်းများစွာသော စကား လုံးများမှာ အဓိကခေါင်းစဥ်နှင့် လီတစ်သောင်းခန့် လမ်းလွဲသွေဖည်နေတော့သည်။ သူ့အဖြစ်မှာ မြည်းတစ်ကောင်ကိုဝယ်ယူရာ၌ စာချုပ်စာတမ်းတစ်ခုကို စာမျက်နှာ သုံးမျက်နှာခန့် ရှည်လျားထွေပြားစွာ ရေးသားထားသော်ငြား ထိုမြည်းနှင့်ပတ်သက်သော အကြောင်းအရာတစ်ခုတလေမျှ ရေးသားထားခြင်းမရှိသည့်အပြင် ယုတ်စွအဆုံး မြည်း၏ အမွေးတစ်ပင်အကြောင်းသော်မှ ပါမလာသည့်အဖြစ်မျိုးနှင့် ဆင်တူနေတော့သည်။ ကောင်းကင်ယံထက်သို့ ပျံသန်းခရီးနှင်သွားသည့် နတ်မြင်းပျံတစ်စင်းပမာ စိတ်ရှိလက်ရှိ စိတ်ကူးယဉ်ဆန်ဆန် အထိန်းအကွပ်မဲ့စွာ၊ ပွင့်လင်းရဲတင်းစွာ ရေးသားထား၏။ ကျန်းချန်လင်သည်ပင် အနှီရှုပ်ယှက်ခတ်​နေသည့် စာသားတို့ကိုတွေ့မြင်သောအခါ ဝမ်းလူကြီးမင်းသည်ကား သင်္ချိုင်းစာကိုရေးသားချိန်၌ အလွန်အင်မတန် အာရုံစူးစိုက်မှု များပြားသွားသောကြောင့် အဓိကပုဂ္ဂိုလ်ဖြစ်သော လုံလူကြီးမင်းအ​ကြောင်းကိုပင် လုံးလုံးလျားလျား မေ့လျော့သွားခဲ့ခြင်းဖြစ်ပေမည်ဟု တွေးထင်မိလေတော့သည်။

လေလွင့်ခရီးသည်Where stories live. Discover now