သူမစိတ်ထဲမှာ ယောကျ်ားတစ်ယောက်က ယောကျ်ားတစ်ယောက်ကိုကြိုက်တာ မှားတယ်ဟုထင်နေသည်။ ဤအရာကရောဂါတစ်ခုဖြစ်ပြီး သူမရဲ့သားကနေမကောင်း ဖြစ်နေခဲ့သည်။ သူမကြောက်လန့်တကြားနှင့် သူမဘာလုပ်ရမလဲဟု တွေးနေခဲ့၏။ သူမရဲ့ယောင်ယောင်လေးက အမြဲတမ်းလိမ္မာသည့်ခလေးလေးဖြစ်ခဲ့သည် ဘာလို့များသူက ရုတ်တရက် ဒီလိုမကောင်းတဲ့ကိစ္စတွေလုပ်ဖို့သင်ယူခဲ့ရတာလဲ

ဒါက ကျိုးတုရဲ့အမှားပဲဖြစ်ရမည်။

ရှအမေ၏မျက်လုံးထဲ မကျေနပ်သည့်အလင်းတို့ကဖြတ်ပြေးသွား၏ သူမ၏သားကိုမကောင်းတဲ့အရာလုပ်ဖို့သင်ပေးမည့်သူက ထိုလူပဲဖြစ်ရမည်မှန်း သူမသေချာသိသည်။ သို့သော်လည်း ယခုအချိန်မှာ သူမက သူတို့ကိုသီးခြားခွဲထုတ်ဖို့မဖြစ်နိုင်သေးပေ။ ရှယောင်ရဲ့တက္ကသိုလ်ဝင်ခွင့်စာမေးပွဲက ဖြေရတော့မည်။

ဟုတ်သည် ရှအမေကတစ်ဖန်ပြန်လည်ရှင်သန်လာသလိုမျိုးခံစားလိုက်ရသည်။ ရှယောင်တစ်ယောက် တက္ကသိုလ်ကျောင်းသားဖြစ်သွားမှ ကျိုးတုနှင့်ဝေးကွာသွားလိမ့်မည်။ ထိုအခါမှရှယောင်လ​ည်း သေချာပေါက် ပုံမှန်ပြန်ဖြစ်လာလိမ့်မည်။

သူမကိုယ်သူမ မျှော်လင့်ချက်အသစ်လေးရှာဖွေတွေ့ရှိသွားခဲ့တော့မှ သူမ၏မျက်နှာကပုံမှန်အရောင်ပြန်ဖြစ်သွားခဲ့သည်။ ရှအမေက သူမရဲ့စိတ်ခံစားချက်တွေကိုထိန်းလိုက်ပြီး သူမကတံခါးရှေ့မတ်တပ်ရပ်နေလျှက်ဖြင့် အထဲသို့အော်ခေါ်လိုက်သည် " ယောင်ယောင် "

အခန်းထဲတွင်တော့ ရှယောင်ကအလန့်တကြားဖြင့် ကျိုးတုကိုအဝေးသို့တွန်းထုတ်လိုက်ပြီး ​ခပ်မြန်မြန်ပဲပြန်ဖြေလိုက်သည် " မား ပြန်ရောက်လာပြီလား "

သူက သူ့အခန်းတံခါးကိုဖွင့်လိုက်ပြီး အိမ်ရှေ့တံခါးဆီသို့ပြေးသွား၍ သူ့အမေဆီကပစ္စည်းတွေကိုအထဲသို့ ကူသယ်ပေးလိုက်သည်။

" မွေးစားအမေ " ကျိုးတုသည်လည်း အနားရောက်လာပြီး သူမကိုနှုတ်ဆက်အပြုံးလေးပြုံးပြသည်။

ရှအမေက ယဥ်ကျေးပျူငှာသည့်အပြုံးလေးပြရန်အတွက် သူမကိုယ်သူမတွန်းအားပေးလိုက်ပြီး ကျိုးတုကိုခေါင်းညိတ်ပြလိုက်၏။

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now