မြို့ပြင်ဘက်ကကောင်းကင်သည် မြို့ပေါ်ကနှင့်နှိုင်းယှင်လျှင် ပို၍သန့်စင်သည်။ နီယွန်ရောင်ခြည်အနည်းငယ်ကြောင့် ကောင်းကင်ကအနည်းငယ်ညစ်ညမ်းနေခဲ့သော်လည်း နောက်ဆုံးတွင်တော့ ညကောင်းကင်ယံကတလက်လက်တောက်ပနေသော ကြယ်များကို သူတို့တွေ့ခဲ့ရလေသည်။

အချိန်က ဆယ်နာရီလောက်ရှိနေခဲ့ပြီး ဆောင်းဦးရာသီ၏ ညဥ့်ဘက်ကအတော်လေးကိုအေးစက်သည်။ လေးယောက်သား အပူမီးအိမ်လေးဘေးနားနေ၍စကားပြောနေခဲ့ကြသည်။

" အရမ်းအေးတာပဲ " ဝမ်ဟောင်ကသူ့လည်ပင်းလေးကိုကျုံ့လိုက်၏။ အေးစက်သောလေက သူဝတ်ထားသောကုတ်၏ကော်လာကိုဖြတ်၍ အတွင်းအဝတ်တွေထဲအထိဝင်ရောက်လာလေသည်။

ကျန်းယန်က သူတုန်နေတာကိုလည်းမြင်ရော သူလည်းသူ့ကုတ်အင်္ကျီကိုချွတ်ပြီး ဝမ်ဟောင်ကိုပေးလိုက်သည်။ ဝမ်ဟောင်က သူ့ကုတ်ချွတ်ပေးတာကိုလည်းမြင်ရော သူကမြန်မြန်ပြောလိုက်သည် " မင်းရူးနေလား ကုတ်အင်္ကျီမဝတ်ထားရင် မင်းခဲသေသွားမှာပေါ့ "

ဝမ်ဟောင်စကားကိုလည်းကြားရော ကျန်းယန်က တိတ်တဆိတ်ပဲသူ့ကုတ်လေးကိုပြန်ဝတ်ထားလိုက်သည်။ သူ့အင်္ကျီဇစ်ကိုဆွဲမတင်ရသေးခင်မှာပဲ ဝမ်ဟောင်ကရုတ်တရက် သူ့လက်မောင်းတွေထဲဝင်လာပြီး သူ့ခါးကိုဖက်ထားလေ၏ " ဒီလာခဲ့ ငါ့ကိုယ်ငါနွေးအောင်လုပ်ဖို့ မင်းရဲ့ရင်ခွင်လေးခဏငှားပါရစေကွာ "

ကျန်းယန်ကချက်ချင်းကျောက်တုံးကြီးကဲ့သို့ဖြစ်သွားပြီး ဘယ်လိုလှုပ်ရှားမှုမျိုးကိုမှမလုပ်ရဲပေ။ ရှယောင်ကလည်းသူ့မျက်လေးကိုကာလိုက်ပြီး ထိုနှစ်ယောက်ကိုတိုက်ရိုက်မကြည့်နိုင်ခဲ့ပေ။

ဝမ်ဟောင်ရဲ့လက်က ကျန်းယန်၏ခါးကိုနေရာအနှံ့လိုက်ကိုင်နေခဲ့ပြီးမှ သူကချီးမွမ်းလိုက်သည် " မင်းရဲ့ခါးကတောင့်တင်းသားပဲ မင်းမှာကြွက်သားတွေရှိလား "

ကျန်းယန်ကသူ့ရဲ့ဒေါသတွေကိုချုပ်ထိန်းထားပြီး စကားတစ်ခွန်းမှမပြောရဲခဲ့ပေ။ ဝမ်ဟောင်ကသူ့ကိုလူယုတ်မာအပြုံးကြီး ပြုံးပြ၍ " လာပါအုံး မင်းမှာ six-pack လား eight-pack လားရှိတယ်ဆိုရင် ငါကြည့်ရအောင် "

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now