ရှယောင်ကအဲ့တော့မှတုံ့ပြန်လိုက်၏

" နင်လား " မြန်မြန်ပဲတောင်းပန်သည့်အပြုံးလေးပြုံးလိုက်ပြီး သူကထပ်ပြောလိုက်သည် " တောင်းပန်ပါတယ် ငါကမျက်နှာတွေကိုမမှတ်မိတတ်လို့ "

" အိုး ကောင်းတယ် အရမ်းကောင်းတယ် " ဖန်ယောင်ယောင်က သူမရဲ့အိတ်ကိုစားပွဲပေါ်တင်လိုက်ပြီး သူကတော့ရှယောင်ဘေးနားဝင်ထိုင်လိုက်သည်။

" နင်ကဘယ်လိုလုပ်တစ်ယောက်ထဲလာတာလဲ အရင်တစ်ခါကပါတဲ့ ဆွဲဆောင်မှုရှိတဲ့ကောင်လေးရောမပါဘူးလား "

" သူကဒီနေ့ကိစ္စလေးရှိလို့ "

" Oh ငါသိပြီ " ဖန်ယောင်ယောင်ရဲ့မျက်နှာပေါ်မှာ စိတ်ပျက်သွားသည့်ပုံကဖြတ်သွားခဲ့သည်။

ရှယောင်ကမေးလိုက်သည် " နင်ကရော နင်လည်းတစ်ယောက်ထဲလာတာလား "

" မဟုတ်ဘူး ငါ့အကိုကဟိုနားမှာ "

ဖန်ယောင်ယောင်ကသူမ၏လက်ကိုမြှောက်လိုက်ပြီး လက်ညှိုးထိုးပြသည် ထိုတော့မှရှယောင်က စာအုပ်တန်းတွေရဲ့နောက်ကဖန်ဇီယုကိုတွေ့သွားတော့သည်။

သူက သူ့နောက်ကျောလေးကိုအပြစ်ရှိစိတ်တို့ဖြင့်ကြည့်လိုက်သည်။ ပြောရလျှင် ကျိုးတုကထိုကောင်လေးနှင့် နှစ်ကြိမ်တောင်ရန်ဖြစ်ခဲ့သည်လေ။ ရှ​ယောင်ယုံကြည်သည် ဒီပြဿနာထဲမှာ ဖန်ဇီယုကသာဘာအပြစ်မှမရှိပဲနစ်နာသည့်လူတစ်ယောက်သာဖြစ်လိမ့်မည်။

" နင်ဘာတွေဝယ်လာတာလဲ " ဖန်ယောင်ယောင်ကလည်ပင်းကိုဆန့်လိုက်ပြီး ရှယောင်လက်ထဲမှစာအုပ်တွေကိုကြည့်လိုက်သည်။

ဝမ်းနည်းစွာဖြင့်ပဲ ထိုစာအုပ်တွေအကုန်လုံးကအင်္ဂလိပ်ဘာသာဖြင့်သာရေးထားသော စာအုပ်တွေသာဖြစ်နေသည်။ ဖန်ယောင်ယောင်က မျက်မှောင်ကိုကြုတ်ထားလျှက် နှုတ်ခမ်းကိုကိုက်ပြီးပြောလိုက်သည် " ဒီထဲစကားလုံးတစ်လုံးတောင် ငါမဖတ်နိုင်ဘူး "

ရှယောင်က သူမလုပ်နေသည့်ပုံကချစ်ဖို့ကောင်းတာကြောင့် နူးညံ့စွာဖြင့်စာအုပ်၏ခေါင်းစဥ်ကိုကျယ်ကျယ်လေးဖတ်ပြပေးလိုက်သည်။

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now