"မောင် ပြောထားပြီးပြီ သူနဲ့မပတ်သတ်နဲ့လို့"

"အဲ့ဒါ ငါ့ကိစ္စပါ မင်းနဲ့လဲဘာမှမဆိုင်သလိုပဲနော်"

ကောင်းကောင်းပြန်မပြောပဲလက်နဲ့ရင်ဘက်ကို
တွန်းလာသောကြောင့်ခပ်ပါးပါးလေးရယ်ဖြစ်တယ်။
ဘယ်အထိများဒီလောက်ထိ ဆိုးနေဦးမှာလဲ ကိုကို။

ထိုလက်ကိုဆွဲပြီးမျက်နှာခြင်းနီးကပ်စေလိုက်တော့
လန့်ဖြန့်ကာအနောက်ကိုဆုပ်သွားချင်သယောင်ရှိတဲ့
ခင်ဗျားကဘယ်လောက်ထိဆွဲဆောင်မှုရှိလဲသိရဲ့လား။
အပြစ်အနာဆာမရှိသည့်လက်လေးကိုဆွဲယူနမ်းရှိုက်တော့
ခင်ဗျားအနည်းငယ်လောက်တော့လန့်မိမှာတော့။
ဒါမှမဟုတ် လူရှေ့မရှောင်ဘာမရှောင် လက်ရဲဇက်ရဲတဲ့
မောင့်ကို ခင်ဗျားဒေါသတကြီးအော်တော့မှာလား။

နမ်းပြီးတဲ့အခါ တွေးထားတာနဲ့တက်တက်စင်လွဲပါတယ်။
မျက်စောင်းလေးတစ်ချက်သာပစ်ပေးပြီးအထဲကို
ပြေးဝင်သွားတဲ့ခင်ဗျားက ကျွန်တော်ရဲ့ချစ်မဝလေး။

ဒီလိုနဲ့စွန်ငယ်ဟာ.. ကြိုးပြတ်ပြီး လွတ်ရာကို
လွင့်မျောလေရဲ့.. ကျွန်တော်ကတော့ အဲ့ဒီစွန်လေးနောက်ကနေအမောနိုင်မပန်းနိုင်ပြေးလိုက်နေတဲ့
ကလေးတစ်ယောက်ပေါ့။

ရုံးခန်းထဲကိုဝင်လာတော့ အားလုံးကတရိုတသေထပြီး
နှုတ်ဆတ်ပေမယ့်သူကတော့ဘောင်းဘီအိတ်ကပ်ထဲကိုသာ
လက်ထည့်ပြီးဆတ်လျှောက်လာတယ်။ CEOအသစ်
ပြောင်းလာပြီးကတည်းကဘယ်သူမှသူပြုံးတာကို
မြင်ဖူးသူမရှိ။ တုန့်ခနဲရပ်တန့်ပြီးနောက် သူ့ရဲ့
မျက်ခုံးလေးတွေထိလုနီးပါတွန်းချိုးသွားတော့တယ်။
လူမြင်ကွင်းကြီးမှာလောင်ကျန်းဖေးနဲ့ရယ်မောနေတဲ့
ဒီလူကြီးကိုဘယ်လိုဆုံးမရမလဲမတွေးတတ်တော့ဘူး။

အဲ့ဒီနောက်ခြေလှမ်းဖွဖွနင်းပြီးလောင်ကျန်းဖေးနဲ့
ရှောင်ကျန့်ရဲ့ကြားထဲကိုတိုးဝင်ရင်းသူတို့ချင်းကို
စကားစပြတ်စေလိုက်တယ်။

"Wang yibo မင်းဘာလာရှုပ်ပြန်ပြီလဲ"

"မောင် နေလို့မကောင်းဘူး!!

ကုမ္ပဏီ ဝန်ထမ်းများက ထိုနေရာမှာ မသိမသာအကဲခတ်ရင်း
ပွဲကြည့်နေကြတယ်။ yiboလဲ ရှောင်ကျန့်လက်ထဲက
ဖိုင်တစ်ချို့ကိုဆွဲယူရင်းလောင်ကျန်းဖေးလက်ထဲကို
ထိုးထည့်တယ်။ ပြီးတော့ မျက်နှာကြီးပြုံးလို့ ရှောင်ကျန့်
ရင်ခွင်ထဲကိုတိုးဝင်ပြန်တယ်။

မောင်ဟုခေါ်သည်(မောင်ဟုခေါ်သည်)CompletedWhere stories live. Discover now