" ဟုတ်ပါပြီ ဟုတ်ပါပြီ " ဝမ်ဟောင်က ကျိုးတုခြေထောက်တွေကိုကူညီပေးလိုက်ရင်း " ဒါကသက်သက်နောက်ရုံလေးပါပဲကွာ "

ကျိုးတုကသူ့ကိုလုံးဝဂရုမစိုက်တော့ပဲ နှစ်ယောက်သားလေ့ကျင့်ရေးကွင်းထဲသို့သာထွက်သွားလိုက်ကြသည်။

ရှယောင်နှင့်အန်းဖန်ဖန်သည်လည်းလေ့ကျင့်ရေးကွင်းထဲအတူတူရှိနေကြသည်။ မနေ့ကရှယောင်တာဝန်ကျတော့ အန်းဖန်ဖန်ကကူညီပေးသည် ဒီနေ့ကျောင်းပြီးတော့လည်း သူတို့နှစ်ယောက်ကိုအတူတူတွေ့ရပြန်သည် ကျိုးတုသိသည် ဒီနေ့ကရှယောင် အန်းဖန်ဖန်ကိုလိုက်ကူညီပေးတာဖြစ်လိမ့်မည်။

ကျိုးတုကကွင်းထဲကပွဲကြည့်စင်ပေါ်ကခုံတစ်ခုမှာထိုင်လိုက်ပြီး ရှယောင်နဲ့အန်းဖန်ဖန်တို့နှစ်ယောက်ရေဘူးတွေဝေပေးနေတာကိုကြည့်နေလိုက်သည် အန်းဖန်ဖန်ကချိုမြိန်သောအပြုံးလေးဖြင့် ရှယောင်ကိုရေဘူးကမ်းပေးလိုက်သည် ရှယောင်ကလည်းပြန်ပြုံးပြပြီး ခေါင်းလေးကိုညိတ်ပြလျှက်ရေဘူးကိုလက်ခံလိုက်ပြီး ပုလင်းအဖုံးကိုဖွင့်သည်။

ကျိုးတုမျက်ခုံးရိုးတွေကိုကြုံ့ထားလိုက်ပြီး သူ့လွယ်အိတ်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည် သူ့ဘေးနားရောက်လာသည့် ကျန်းရှီဝမ် ကိုတောင်အာရုံမစိုက်နိုင်ခဲ့ပေ။

" နင့်ဆီကသဝန်တိုတဲ့အခိုးအငွေ့တွေဟိုးအဝေးကြီးကတောင်ရတယ် အဲ့ကောင်မလေးကနင်ကြိုက်နေတဲ့သူပဲဖြစ်ရမယ် " ကျန်းရှီဝမ်က ကျိုးတုဘေးကခုံကိုချလိုက်ပြီး ထိုင်လိုက်သည်။

ကျန်းရှီဝမ်ရုတ်တရက်ရောက်လာမှုက ကျိုးတုကိုလန့်သွားစေခဲ့သည် သူကဘေးနားကသူမကိုလှည့်ကြည့်ခြင်းမရှိပဲ သာမန်ကာလျှံကာဖြင့်ပြန်ပြောလိုက်သည် " နင်ဘာတွေပြောနေမှန်းငါမသိဘူး ဒီကိုဘာလာလုပ်တာလဲ "

ကျန်းရှီဝမ်ကသက်ပြင်းချလိုက်ပြီး " ငါပြောခဲ့တယ်လေ ငါတို့ရဲ့နှင်းဆီခိုင်ကြီးကြိုက်တဲ့ကောင်မလေးကဘယ်သူလဲသိချင်ပါတယ်လို့ အခုတော့ငါရှာတွေ့ခဲ့ပြီလေ " သူက သူ့ရဲ့မေးစေ့ကိုမပြီး အန်းဖန်ဖန်ရှိရာနေရာသို့ညွှန်ပြလိုက်သည် " အဲ့ကောင်မလေးမလား "

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now