အခန်း ၂၃ (ပုံပြင်)

Start from the beginning
                                    

ငါကတော့ ကစဉ့်ကလျားဖြစ်နေတဲ့နှလုံးသားတစ်စုံနဲ့အတူ.....အဆုံးမရှိတဲ့ လောကတစ်ခွင် ခြေဦးတည့်ရာသွားလာနေဆဲပါ

ငါ့အကြောင်းကိုသိတဲ့လူတွေကပြောကြတယ်...

ငါ့ရဲ့နှလုံးသားဟာ စိုးရိမ်ကြောင့်ကြနေတယ်တဲ့...

ငါ့အကြောင်းကိုမသိတဲ့လူတွေက ပြောကြတယ်...

ငါဟာ တစ်စုံတစ်ခုကိုရှာဖွေနေတယ်တဲ့...

အိုး....ဟိုးအဝေးကြီးက အပြာရောင်မိုးကောင်းကင်ကြီးရေ ....ဒါတွေဟာ ဘယ်သူ့ကြောင့်ဖြစ်ရတာပါလဲ...

တချို့စပါးနှံပင်လေးတွေဟာ ညွတ်ကိုင်းငိုက်ကျနေပြီ...တချို့ပင်ပျိုလေးတွေကတော့ အားသစ်လောင်းလို့ ဖူးပွင့်ဟန်ချီ...."

သူ၏အသံမှာ အလွန်အင်မတန်တိုးတိမ်ဖျော့တော့နေသလို အနည်းငယ်အက်ကွဲကြမ်းရှနေကာ သဲသဲကွဲကွဲမကြားရပါချေ။ စကားလုံးအသံထွက်တို့မှာလည်း ကြည်လင်ပီသမှုမရှိဘဲ ကစဉ့်ကလျားရောထွေးနေ၏။ ထိုစကားလုံးတစ်လုံးချင်း၊ ဝါကျတစ်ကြောင်းချင်းစီတိုင်းသည်ကား ရင်ခေါင်းအတွင်းမှပွင့်အံထွက်ကျလာသည့်နှယ်၊ သူ၏လည်ချောင်းထဲတွင် တဝဲလည်လည်ရစ်သိုင်းနေလျက်ရှိကာ အပြင်သို့ထွက်လာရန်ငြင်းဆန်နေသည့်အလား။

မီးတောက်မီးလျှံများမှာ တကျီကျီမြည်သံစွဲလျက် ထင်းချောင်းများပေါ်တွင် မီးအားကောင်းကောင်းဖြင့်ဆက်လက်လောင်မြိုက်နေသည်။ ကျန်းချန်လင်မှာ သိုင်းကွက်တစ်ကွက်ကိုနားမလည်သည့်အတွက် ပြန်လှည့်လာပြီးမေးရန်ပြင်လိုက်စဉ်မှာပင် မနီးမဝေးတစ်နေရာမှ အဆိုပါတေးသီချင်းသံကိုကြားလိုက်ရသောအခါ ဘာရယ်ကြောင့်မှန်းမသိဘဲ သူ့ခြေလှမ်းများမှာ ရုတ်ချည်းရပ်တန့်သွားရလေသည်။

ဒဏ္ဍာရီလာသမိုင်းကြောင်းမှတ်တမ်းများအရ မင်းဧကရာဇ်ဖျင် အုပ်စိုးစဉ်အခါက မင်းနေပြည်တော်ကို အခြားတစ်နေရာသို့ပြောင်းရွှေ့နန်းစိုက်ခဲ့သည်။ ထိုစဥ်အချိန်က သမားတော်ကြီးကျိုးသည် ကျုံးကျိုးမြို့ဟောင်းကို ခရီးဖြတ်သန်းသွားလာစဥ် ပြိုလဲပျက်စီးယိုယွင်းနေသော နန်းတော်ရာဟောင်းနှင့်တကွ ဘုရားကျောင်းဆောင်များ၊ အထီးကျန်ဆန်လှသောအရောင်အဆင်းများ၊ အဆုံးမရှိသောပေါင်းမြက်နွယ်ပင်များနှင့် သိပ်သည်းထူထဲစွာရှင်သန်ပေါက်ရောက်နေသော စပါးကောက်နှံပင်များကိုမြင်တွေ့ရသောအခါ ခံစားချက်ပေါင်းစုံရောပြွမ်းလှိုက်တက်လာလျက် ထိုဝမ်းနည်းကြေကွဲဖွယ်ကောင်းသော တေးသီချင်းကိုစပ်ဆိုရေးသားခဲ့ခြင်းဖြစ်သည်။

လေလွင့်ခရီးသည်Where stories live. Discover now