ကျေးဇူးတင်စွာဖြင့် ဝမ်ဟောင်ပြောလိုက်သည့် ထိုမှန်ကန်သောစကားများကြောင့် ကျိုးတုမျက်နှာကြီးကမှောင်မဲလာတော့သည်။

ဝမ်ဟောင်ရှော့ရသွားပြီး သူ့လေသံကိုလျော့ချလိုက်သည် " တစ်စုံတစ်ယောက်က မင်းကိုပေးတဲ့အချစ်နံနက်စာလေးမဖြစ်နိုင်ပါဘူး အာ ဆောရီးပါကွာ နားလည်မှုလွဲသွားတာပါ "

ကျိုးတုကသူ့ကိုစကားပြောဖို့အစီအစဥ်မရှိတာကိုမြင်တော့ ကျန်းယန် နောက်မှာပုန်းနေတာကနေထွက်လာလိုက်ပြီး ကျိုးတုဘက်သို့ဖြည်းဖြည်းချင်းတိုးသွားလိုက်သည်။ သူကကျိုးတု ပုခုံးကိုပုတ်လိုက်ပြီး
" သိပ်လည်းစိတ်မဆိုးပါနဲ့ကွာ မင်းကိုကြိုက်နေတဲ့ကောင်မလေးတွေအများကြီးရှိတာပဲ ဘယ်သူသိမှာလဲ မနက်ဖန်ဆိုအခြားကောင်မလေးတစ်ယောက်ကလာပြီးပေးနိုင်သေးတာပဲ "

ကျိုးတုကသူ့ခေါင်းကိုမလိုက်ပြီး ဝမ်ဟောင်ကိုအေးစက်စွာကြည့်လိုက်သည် ထို့နောက်တစ်ခွန်းထဲပဲပြောလိုက်သည် " ဝေးဝေးနေစမ်း "

ကျိုးတုရဲ့ပန်ကိတ်လေးတစ်ခုစားလိုက်ရုံ​ကြောင့်နဲ့ ဒီလိုဖြစ်သွားလိမ့်မည်ဟုဝမ်ဟောင်မထင်ခဲ့မိပေ။ ကျိုးတုက သူ့ကိုလုံးဝလျစ်လှူရှူထားခဲ့သည်။ သူ ကျိုးတုကိုဘယ်လောက်အနှောင့်အယှက်ပေးနေပါစေ ကျိုးတုကတော့အေးစက်သည့်အကြည့်များကိုသာပြန်ပေးတော့သည်။

ကာယချိန်အ​ပြီး အားလပ်ချိန်ပေးတဲ့အချိန်အတော်အတွင်းမှာလည်း ကျိုးတုကဝမ်ဟောင်ကိုအနောက်မှာထားပစ်ခဲ့တာကြောင့် ဝမ်ဟောင်စိတ်ရှုပ်လာခဲ့သည်။ သူ့ဘာသာသူတစ်ယောက်ထဲ စာသင်ခန်းထဲသို့ပြန်လာခဲ့လိုက်သည်။

ထိုအချိန်မှာပဲ ရှယောင်ကသူ့ဘေးနားကဖြတ်သွားခဲ့တာကြောင့် ဝမ်ဟောင့်လက်တွေကချက်ချင်းပဲ ရှယောင်ကိုဖမ်းဆွဲထားလိုက်မိသည်။

" ဘာလဲ? " ရှယောင်ကသံယဖြင့်မေးလိုက်သည်။

ဝမ်ဟောင်က ရှယောင်ကိုဘယ်သူမှမရှိတဲ့နေရာနားထိဆွဲခေါ်သွားပြီး လေသံတိုးတိုးလေးဖြင့်ပြောသည်
" အဲ့တာကလေ ငါ့ကိုတစ်ခုလောက်ကူညီလို့ရမလား "

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now