"ရသမေ..! ငါကမြတ်မင်းကွ။
ဘယ်မိန်းမ စော်ကားတာမှခံမှာ မဟုတ်ဘူး။
မင်းကိုခယ နေလို့လဲ မင်းကိုယ်မင်းအထင်ကြီးမနေနဲ့။
နောက်မှ မင်းကိုယ်တိုင် ငါ့ဆီ ဝင်လာမှာကို ငါမြင်ယောင်ပြီးသား ဟဟား"

"ဆုတောင်းလေ မြတ်မင်း
လွတ် ငါ့လက်ကို.......  အမေ့"

ရသစကားမဆုံးမီ ကောင်လေးတစ်ယောက်က လူစုကြားထဲ ရုတ်တရက်ဝင်လာပြီး မြတ်မင်းကို အကြိမ်ကြိမ်ဆွဲထိုးတယ်။

"စိုင်းမာန်... မာန်..!! ရပ်လိုက် ရပ်တော့"

စိုင်းမာန်ရဲ့ ခါးကို ရသတင်းကျပ်စွာဖက်ပြီး တောင်းဆိုလိုက်တယ်။ ရှက်လဲရှက် ကြောက်လဲကြောက်လို့ထင်သည်။ မျက်ရည်တွေပါ စီးကျလာသည်။စိုင်းမာန် လက်သီးကို တင်းကျပ်စွာဆုပ်ထားပြီး

"ဟေ့ကောင် စီနီယာတွေ ဘာတွေ နားမလည်ဘူး..!
နောက်တစ်ခါ ရသကိုမထိနဲ့
ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ။
နောက်တစ်ခါဆို မင်းကိုသွားကျွတ်အောင်ကို ထိုးမယ်
နားလည်ထား...လာရသ"

ရသကို လူအုပ်ထဲ ကနေဆွဲထုတ်လာလိုက်တယ်။တော်သေးတာပေါ့ စုစုက ကျနော့ကို ဒီအကြောင်းတွေ ပြေးလာပြောလို့။ ရသဘယ်လောက်တောင်ရှက်လိမ့်မလဲ။

"ဟေ့ကောင်...မြတ်မင်းအဆင်ပြေလား"

"မင်းပြောရဲသေးတယ်နော် ခုဏက ဟိုခွေးကောင် ငါ့ကိုဝင်လုံးတော့ မင်းတို့ဘာလို့ရပ်ကြည့်နေတာလဲ"

"ဆောရီးကွာ... နည်းနည်းတော့ အနာခံမှပေါ့
ဒါမှ နစ်နာကြေးရမာ"

"ဘယ်လို "

"ငါ့နောက်လိုက်ခဲ့ မြတ်မင်း"

"ဘယ်ကိုလဲ"

"ရုံးခန်း"

မြတ်မင်း ကြောင်တောင်တောင်နင့်သာ မင်းညိုနောက်လိုက်သွားမိသည်။
........................................................................

စာမေးပွဲအတွက် ပြင်ဆင်ချိန်ပေးထားလို့ တစ်ခန်းလုံးစာလုပ်နေချိန်တွင်
စိုင်းမာန်ကတော့ မှောက်အိပ်နေသည်။ရုတ်တရက် ဆရာမအခန်းထဲ ဝင်လာပြီး

"စိုင်းမာန် ဆရာမနဲ့ ရုံခန်းလိုက်ခဲ့"

တစ်ခန်းလုံး ဆူညံနေသည်မှ တိတ်ဆိတ်သွားပြီး စိုင်းမာန်ဆီကိုသာ အကြည့်ရောက်သွားကြသည်။
ဒီလောက်ဆို စိုင်းမာန် သဘောပေါက်ပြီးသား ဖြစ်ရိုးဖြစ်စဉ်တွေမို့လို့။စိုင်းမာန် ဆရာမနောက်ကို လိုက်သွားလိုက်တယ်။ ရုံးခန်းထဲရောက်တော့ အုပ်ကြီးရှေ့မာ တန်းစီနေသော မြတ်မင်းနဲ့ ရသကိုတွေ့လိုက်ရတယ်။

My lovely straight boy (Completed)Where stories live. Discover now