ဆေးရုံတက်တဲ့နှစ်ရက်မြောက်နေ့ရောက်တော့ mobilizing တစ်လုံးစထိုးရတော့သည် နောက်ငါးရက်အထိထိုဆေးကိုထိုးနေရမှာဖြစ်သည်။

ရှယောင်အခန်းလေးကတစ်ယောက်ခန်းလေးဖြစ်သည် အေးအေးဆေးဆေးနားနေရန် TV နှင့် ရေခဲသေတ္တာပါရှိသောအခန်းလေးဖြစ်သည်။ ရှယောင်ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုစစ်ဆေးပြီး ဘာပြဿနာမှမရှိကြောင်းသေချာမှ ပထမဆုံးဆေးကိုစတင်ထိုးခဲ့ကြသည်။

နောက်လေးရက်အတွင်း မနက်တိုင်း Mobilization ဆေးတစ်လုံးထိုးရသည်။ စထိုးထိုးချင်း တစ်ရက် နှစ်ရက်ကအဆင်ပြေနေသော်လည်း လေးရက်မြောက်နေ့မှာတော့ ရှယောင်စတင်ပြီး စားချင်စိတ်ပျောက်ဆုံးခြင်းနှင့် ခေါင်းကိုက်ဝေဒနာကိုခံစားရတော့သည်။

ကျိုးတုကနေ့တိုင်းရှယောင်ဆီလာလည်ပြီး အိမ်စာ စာအုပ်တွေနှင့် ဆရာပေးလိုက်တဲ့စာရွက်တွေကိုလည်းသူနှင့်အတူသယ်လာခဲ့ပေးသည်။ ပြီးတော့တစ်နေ့တာအကြောင်းတွေကိုလည်းပြောပြပေးသေးသည်။ ရှယောင်ကကျောင်းပြီးသွားခဲ့ပြီး အခုအထက်တန်းကိုပြန်ရောက်လာခဲ့သည်ဖြစ်သော်လည်း သူမသိသည့်အသိပညာများနှင့် သူ​မေ့နေသောအကြောင်းအရာအချို့ကို ပြန်ပြီးနားလည်သဘောပေါက်ခဲ့ရသည်။

ကျိုးတုအမေကသူတို့မိသားစုနာနီကိုခေါ်လာပြီး ရှယောင်ပြန်လည်အားပြည့်ရန်အတွက် နေ့တိုင်း အစားအသောက်များကိုစီစဥ်စေသည်။ ရှယောင်အမေ လက်ကအခုထိပြန်မကောင်းသေးတာကြောင့် သူမဘက်ကအဆင်မပြေသလိုခံစားရသော်လည်း လက်ခံပေးလေသည်။ ဆေးရုံတက်နေတဲ့အတောအတွင်း ရှယောင်အမေကနေ့ခင်းပိုင်းဆေးရုံစောင့်ပေးပြီး ကျိုးတုကျောင်းကပြန်လာတဲ့အချိန်ရောက်ရင်တော့ ရှယောင်တို့စာလုပ်နိုင်ရန်အတွက်အခန်းထဲကထွက်သွားပေးသည်။

ကျိုးတုနဲ့နှစ်ယောက်ထဲကျန်ခဲ့တဲ့အခါကျတော့မှ သူ့မှာတင်းထားသမျှစိတ်တို့ကိုလျှော့ချနိုင်တော့သည်။ ကျိုးတုသူ့ကိုသေသေချာချာစာတွေရှင်းပြတဲ့အချိန်တွင်တော့ ရှယောင်ဘက်ကဘယ်လိုမှအာရုံစိုက်ထားလို့မရတော့ချေ။

ထိုနေ့က Mobilization ဆေးထိုးပြီးရှယောင်ဘယ်လိုမှခံစားလို့မရတော့ပေ ဒါပေမယ့်သူ့အမေကိုစိတ်မပူစေချင်တာကြောင့် သူ့ကိုယ်သူစိတ်တင်းထားခြင်းဖြစ်လေသည်။

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now