အနီးဆုံး၌သာ-final

1.8K 188 13
                                    

အာဒံသီတဲ့တေးတစ်ပုဒ်

Zawgyi


လှစ်နဲ မော့ကြည့်လာသည့် သူ့မျက်ဝန်းတွေက အေးစက်လွန်းနေ၏။
တည်ညိမ်လွန်းစွာ သူဟာခတ်အေးအေးဆိုသည်။

"မင်းငါ့ကို ချစ်တဲ့အကြောင်းတွေထပ်မပြောနဲ့တော့...ငါတို့နှစ်
ယောက်က ဘယ်တော့မှမဖြစ်နိုင်ဘူး..."

"ဒါဆို ကျနော်စောင့်နေခဲ့ရတဲ့ လေးနှစ်လုံးလုံးကအလကားပဲလား...
ခများကျနော့်ကို ပြန်ချစ်လာမလား ဆိုတဲ့အတွေးနဲ့ခများမကြိုက်
တာမှန်သမျှကိုပြောင်းလဲခဲ့တာ အခုလိုစကားမျိုး ကြားချင်လို့မှမဟုတ်တာ...."

သူ့ရဲ့နားနေခန်းထဲ ကျနော်တို့နှစ်ယောက်သာရှိနေသည်မို့ တော်သေးသည်ပြောရမည်။

"မင်းကို ငါစောင့်ခိုင်းထားတာမှမဟုတ်ပဲ...မချစ်ဘူးလို့လဲပြောခဲ့
ပြီးသား...ထပ်ပြီးလည်းမျှော်လင့်မနေနဲ့...ပြီးတော့ ငါ့ကမင်းအမရဲ့တရားဝင်ယောက်ျား...အဲ့တာက မင်းဘယ်တော့မှ ကျော်လို့မရတဲ့စည်းပဲ"

သူဟာ ထမင်းကို ဆက်မစားတော့ပဲ ချိုင့်ကိုဆင့်ကာ ထ,သွားသည်။
ပြီးနောက် ထိုနားနေခန်းထဲကပင် ထွက်သွားသည်အထိ။
သူနဲ့အတူ ထမင်းလက်စုံစားချင်တာကြောင့် အိမ်မှာမေမေတို့နဲ့အတူပင်စားမလာပဲ ထမင်းချိုင့်နှစ်ယောက်စာထုတ်ခိုင်းခဲ့ခြင်းက အခု
လိုအခြေနေမျိုးရောက်ဖို့မဟုတ်။

ကျနော်ဆိုတာ ခများအတွက် ဖြတ်တိုက်သွားတဲ့ လေပြေလေးတစ်ခုထက်မပိုဘူး....

*****************

Background music - Forgetting you
By Davichi


ချစ်သူရယ်...🎼
ချစ်ရတာဟာ တကယ်ကိုနာကျင်ရတဲ့အရာရယ်ပါ....🎼

******************

"ချန်း...."

ခေါ်သံဟာ အနောက်ဆီမှဖြစ်တာမို့ ကျနော်လှည့်ကြည့်လိုက်သည်။

မဟုတ်မှ...ကျနော့်အိမ်ထောင်ဖက်ဆိုတာ....

"တကယ်ပဲ ချန်းဖြစ်နေတာပဲ..."

အာဒံသီတဲ့​တေးတစ်​ပုဒ် -chanhun-(completed)Tempat cerita menjadi hidup. Temukan sekarang