မေပယ်​လ်​​ရေးတဲ့ဖူးစာ

2K 196 7
                                    

Zawgyi

အာဒံသီတဲ့​တေးတစ်​ပုဒ်

"အဲ့​တော့ ဒီမှာ​ကျောင်းဆက်​တက်​မယ်​​ပေါ့..."

"​အေး​ပေါ့...ဒီတိုင်းကြီး​နေရမှာပျင်းဖို့​ကောင်း
တယ်​​လေ"

ဂျုံအင့်​အ​မေးကို ခတ်​​အေး​အေး​ထောက်​ထံခံလိုက်
သည်​။
မီးဖိုခန်းထဲက ထွက်​လာတဲ့ ဘက်​ခ်​ဟွန်းက အသီးပန်းကန်​ကိုစားပွဲ​ပေါ်ချရင်း ​ချန်းယောလ်​​ဘေးကဆိုဖာ​ပေါ်ထိုင်
ချလိုက်​သည်​။

"အိမ်​မှာအဆင်​​​ရော​ပြေရဲ့လား...?မင်း​ယောက်​ဖနဲ့"

လက်​​မောင်းကိုပုတ်​ရင်း ​မေးခွန်းထုတ်​​လေတဲ့
ဘက်​ခ်​ဟွန်းကိုအသာငဲ့ကြည့်​လိုက်​ပြီး​နောက်​ ဘက်​ခ်​ဟွန်းချ​ပေးတဲ့ အသီးပန်းကန်​ထဲက ပန်းသီးတစ်​စိပ်​ကို ယူ၍တစ်​ကိုက်​ကိုက်​လိုက်​သည်​။

"​ပြေဆို ​တွေ့ကိုမ​တွေ့​သေးတာ..."

"ဟမ်​....?တစ်​အိမ်​ထဲ​နေပြီး မ​တွေ့ဘူးဆိုတာ..."

ဂျုံအင်​က စပ်​စုသလိုဆိုသည်​။
ထိုအခါ လက်​ကျန်​အသီးတစ်​ခြမ်းကို ပါးစပ်​ထဲအကုန်​ထည့်​ကာ ဝါးလိုက်​ပြီး...

"ဒီလိုကွာ...မ​နေ့က ငါ​ရောက်​​ရောက်​ချင်း သူကမရှိဘူး​လေ...မင်းတို့ဆီထွက်​လာပြီး​တော့ လည်း မနက်​တစ်​နာရီမှအိမ်​​ပြန်​​ရောက်​တယ်​​....ငါအိမ်​ပြန်​​ရောက်​​တော့ အိမ်​ကလူ​တွေအကုန်​အိပ်​​နေပြီ...မနက်​ကျ
တော့လည်း ငါကဆယ်​နာရီခွဲမှထ​တော့ သူကအလုပ်​သွားပြီ​လေ...အဲ့လို...အဲ့လို...."

စိတ်​ရှည်​လက်​ရှည်​ရှင်းပြတဲ့ ချန်း​ယောလ်​ကို ကျန်​နှစ်​​ယောက်​ကလည်း ​နား​ထောင်​ရင်း​ခေါင်းတညိမ့်​ညိမ့်​။

*down down baby.......*

သုံး​ယောက်​သားကြား တိုးထွက်​လာတဲ့ ဘက်​ခ်​ဟွန်းရဲ့ဖုန်း ringtone သံ။
စားပွဲ​ပေါ်က တဒီးဒီးခါ​နေတဲ့
ဖုန်း​လေးကို​ကောက်​ယူလိုက်​ရင်း...

"ဟလို...."

"................."

ခဏအကြာ​ပြောဆိုပြီးသည်​နှင့်​ ဖုန်းချလိုက်​သည့်
ဘက်​ခ်​ဟွန်းကို ဂျုံအင်​က...

အာဒံသီတဲ့​တေးတစ်​ပုဒ် -chanhun-(completed)Where stories live. Discover now