ရက်ကိုးဆယ်စီမံကိန်း-၁၀

1.2K 153 22
                                    

Zawgyi

အာဒံသီတဲ့တေးတစ်ပုဒ်

ဖေ​ဖေတို့ဆီအလည်​သွားခဲ့သည့်​ ထိုအ​ခေါက်​ဟာ
ပျော်​စရာတချို့ကို​ပေးသလို၊စိတ်​ရှုပ်​ဖွယ်​ရာတို့ကိုလည်း
ပေးသည်​။

အတူပါလာတဲ့ချန်း​ယောလ်​က တစ်​ရက်​ထည်းနဲ့ပင်
အဖိုး၊အဖွားတို့အပြင်​​ဖေ​ဖေတို့၏ အ​သည်း​ကျော်
လေးဖြစ်​သွားရသည်​အထိ။
ကျ​နော်က ​မြေးအရင်းလား...သူက​မြေးအရင်းလား
မသဲကွဲ​အောင်​ကို အဘိုးကသဲသဲလှုပ်​ချစ်​​နေ​တာ
မဖုံးနိုင်​မဖိနိုင်​။

တစ်​​နေကုန်​အ​ပျော်​ကြီး​ပျော်​ခဲ့​ပေရ​ပေမဲ့ ည​နေ​စောင်း
ပြန်​ခါနီးအချိန်​မှ ဖြစ်​ရတဲ့ပြဿနာ။

"ချန်း​ယောလ်လီ​လေးကချစ်​စရာ​ကောင်းတယ်​...
ကြည့်​ပါဦး မင်းအဘိုးနဲ့ပွဲကျ​နေတာများ...."

အဘိုးနဲ့ရယ်​ရယ်​​မော​မော ကျားကွက်​စကား
နေတဲ့ ​ကောင်​​လေးကို​မေး​ငေါ့ရင်း​မေ​မေထပ်​​ပြောတဲ့
စကားက...

"​မေ​မေတို့လည်း အဲ့လိုချစ်​စရာ​ကောင်းတဲ့​မြေး​လေး
လိုချင်​​နေပြီ...ဟွန်းငယ်​ ဘယ်​လိုတုံး ​မေ​မေတို့ဘယ်
တော့​မြေးချီရမလဲ"

မေ​မေက​ ရယ်​စရာတစ်​ခုအ​နေနဲ့ ပြုံးပြုံးရယ်​ရယ်
ပြောလိုက်​​ပေမဲ့ ချယ်​​ယောင်းအတွက်​​တော့ စကား
နာထိုးသလိုသက်​​ရောက်​မှုရှိသွားမယ်​မှန်းသိရင်
မေ​မေလည်း​ပြောထွက်​မှာမဟုတ်​။

ကိုယ်​ဝန်​မ​ဆောင်​နိုင်​တဲ့ ချယ်​​ယောင်းရဲ့ အားနည်း
ချက်​ကို လက်​ထပ်​ပြီး နှစ်​လ​ကျော်​​ကျော်​ထဲက ကျ​နော်
ရောချယ်​​ယောင်းပါသိထားခဲ့သည်​။
လုံးဝက​လေးယူလို့မရတာမျိုးမဟုတ်​​ပေမဲ့ အန္တရာယ်​များတဲ့ ကိုယ်​ဝန်​​ဆောင်​ခြင်းမျိုး
ဖြစ်​သွားတတ်​တာမို့ ကျ​နော်သူ့ကိုနားလည်​​မှု​ပေးကာ
က​လေးကိစ္စကိုဘယ်​​တော့မှထုတ်​မ​ပြောဖြစ်​ခဲ့။
ကျ​နော်​က​လေးသိပ်​ချစ်​တတ်​မှန်းသိတဲ့ သူမက​တော့
ဝမ်းနည်းပက်​လက်​ဖြစ်​​သွားတဲ့အထိ။

အိမ်​​ထောင်​​ရေးဆိုတာ ​နေရာတိုင်းမှာအဆင်​​ပြေဖို့
မဖြစ်​နိုင်​မှန်းကျ​နော်​ခန့်​မှန်းမိပြီးသားပါ....

အာဒံသီတဲ့​တေးတစ်​ပုဒ် -chanhun-(completed)Where stories live. Discover now