ရက်ကိုးဆယ်စီမံကိန်း-final

1.7K 178 25
                                    

Zawgyi

အာဒံသီတဲ့တေးတစ်ပုဒ်

မမက အိမ်ပြန်လာဖို့ ဖုန်းပြောဖြစ်တိုင်း မှာပေမဲ့ ကျနော်ပေကပ်ပြီးနားစောင်းခံခဲ့သည်။
တရုတ်ကို ဘယ်လိုသတင်းရောက်သွားမှန်းမသိပေမဲ့ ဒယ်ဒီကလည်း ဖုန်းဆက်လာပြီး သူများအိမ်မှာဒုက္ခသွားမပေးဖို့ပြောကာအိမ်ပြန်ခိုင်းသည်။
သို့သော်လည်း နားမထောင်တတ်တဲ့ကျနော့်ကို ဘယ်သူမှသုံး
ခါလောက်အပြင်ပိုမပြောတော့။

"ချန်းယောလ်..."

ခေါ်သံနှင့်အတူ အထုတ်တွေ တစ်နင့်တစ်ပိုးနဲ့ ဘက်ခ်ဟွန်းကအိမ်ထဲသို့ဝင်လာသည်။

"ဟိတ်ကောင် လာသယ်လေ...ဟော်.....
.တော်တော်ကြည့်လို့ကောင်းနေလား..."

အထုတ်တွေမနိုင့်တစ်နိုင် သယ်ရင်း ဘက်ခ်ဟွန်းက ပွစိစိပြော၏။
သူ့လက်ထဲက စုံစိနေတဲ့ပါဆယ်ထုတ်တချို့ကို လက်လွှဲယူလိုက်ရင်း စားပွဲပေါ်တင်လိုက်သည်။

"ဘာတွေတုံး....?ဒီလောက်အများကြီး..."

ဘက်ခ်ဟွန်းက လက်ထဲကပစ္စည်းတွေကို ထမင်းစားပွဲပေါ်သို့
နေရာချသည်။

"မင်းပဲ ပုဇွန်ထမင်းကြော်စားချင်လို့ဆို..."

ဗူးတချို့ကို ဖွင့်ရင်း ဘက်ခ်ဟွန်းဆို၏။

"တကယ်ကြီး....?"

မနက်ထဲက ပုဇွန်ထမင်းကြော်စားချင်နေသည့် စိတ်ကိုဖြေဖျောက်
ဖို့ရန် ကျနော်အပြင်လည်းမသွားချင် အိမ်မှာပဲပေကပ်နေပြီး
ဂိမ်းဆော့နေသည်မို့ ဗိုက်လည်းအတော်ဆာနေပြီဖြစ်သည်။

ဒီနေ့ ဆေးရုံသွားခဲ့ပေမဲ့ ခွင့်ယူထားဆဲ အိုဆယ်ဟွန်းကဆေးရုံကို
ရောက်မလာသည်ကြောင့် ကျနော်အိမ်ကနေမခွာဖြစ်။
ဘာကြောင့် ခွင့်ယူထားလဲ မသိပေမဲ့ မမကိုလည်းမမေးချင်တာကြောင့် ဖုန်းလည်းမဆက်ဖြစ်။

"လာ...စားစို့ ငါလည်းဗိုက်ဆာနေပြီ..."

နေ့လည်ထဲက သူ့အိမ်ကိုခဏဆိုပြီးပြန်သွားတဲ့ ဘက်ခ်ဟွန်းကအခု
မှသာတိုက်ခန်းကိုပြန်ရောက်လာသည်။

"အိမ်မှာအဆင်ပြေခဲ့လား....?"

ကျနော်မေးတော့ ဘက်ခ်ဟွန်းက ရယ်သည်။
မချိပြုံးပြုံးသည်ဆိုလျှင်ပို၍မှန်လိမ့်မည်။

အာဒံသီတဲ့​တေးတစ်​ပုဒ် -chanhun-(completed)Where stories live. Discover now