ကြွေသူ့အလွမ်း

1.4K 175 13
                                    

အာဒံသီတဲ့တေးတစ်ပုဒ်

"ဖေဖေ...သားကိုခေါ်တယ်ဆို"

ကျနော့်အသံကြောင့် ကုမ္ပဏီကိစ္စလုပ်နေပုံရသော ဖေဖေကလှည့်
ကြည့်လာသည်။

"အေး...သားကြီးထိုင်"

ဖေဖေ ညွှန်ပြရာခတ်လှမ်းလှမ်းကခုံငယ်လေးမှာထိုင်လိုက်ပြီး
နောက် ပြောလာမည့်စကားတို့ကိုနားစွင့်နေလိုက်သည်။

"အခု အဖေပြောမှာကို သားသေချာနားထောင်ပေး"

ကျနော်ခေါင်းညိမ့်ပြလိုက်လိုက်ချင်း ဖေဖေကသက်ပြင်း
တစ်ချက်ကိုခတ်လေးလေးချသည်။

"သားငယ်...သားငယ် ချန်းယောလ်က လက်ထပ်တော့မှာ သားသိတယ်မလား..."

"ဟုတ် "

ဘာကြောင့်မေးမှန်းကျနော်မသိပေမဲ့ ထိုမေးခွန်းကိုဖြေဖို့ရန် ကျနော်တွန့်ဆုတ်နေဖို့မှမလိုပဲ။

"ဟုတ်ပြီ...အဲ့တာကြောင့်မလို့........သားနဲ့အငယ်ကောင်တို့ရဲ့ဆက်ဆံရေး...ပြောရမယ်ဆို ညီအစ်ကိုဆိုတာထက်ပို
နေတဲ့ ပက်သတ်မှုကိုရပ်သင့်ပြီလို့ အဖေထင်တယ် သား..."

ဖေဖေပြောလာသည့် စကားဟာ ကျနော့်ဦးခေါင်းတစ်ခုလုံကိုထပ်ခြမ်း
ခွဲခံလိုက်ရသလို ဂျွန်းသပုံထသွားစေမယ်မှန်း ကျနေယ်မမျှော်လင့်ခဲ့ရိုးအမှန်။

ဖေဖေ ဘာကြောင့် သိနေသလဲ...

တုံ့ပြန်ခြင်းတွေ ဆိတ်သုန်းသွားအောင်အထိ ကျနော်ဆွံ့အနေမိသည်။

"ဖေဖေ...ဘယ်လိုလုပ်...!!"

"ဖေဖေသိထားတာ သိပ်မကြာသေးဘူး...ဒါပေမဲ့ အချိန်မလွန်ခင်တားဖို့လိုတယ်လို့ထင်လို့....အဓိက,က ပတ်ဝန်းကျင်လေ...."

ခြေတွေလက်တွေပင် တုန်လာသလို ခေါင်းတစ်ခုလုံးလည်းမူး
နှောက်နေရသည့် အဆင့်အထိ။

ကျနော်ဟာ ဘယ်လိုကောင်မျိုးဖြစ်သွားပြီလဲ...
ဘယ်အဆင့်ထိရောက်ခဲ့ရပြီလဲ...
ကိုယ့်မိန်းမတစ်ယောက်လုံးရဲ့ မောင်အရင်းခေါက်ခေါက်နဲ့ လူကြားမကောင်းတဲ့ ဆက်ဆံရေးနဲ့ကျနော်ဟာ ဘယ်လိုမျက်နှာမျိုးနဲ့အသက်ဆက်ရမလဲ.....

"ဖေဖေ...သား...တောင်းပန်ပါတယ်....သားတောင်းပန်ပါတယ်"

ခုံပေါ်ကနေ အလျင်အမြန်လျောဆင်းကာ ဖေဖေ့ရှေ့တွင်ဒူးထောက်မိသည်။
ထိုကဲ့သို့သော တောင်းပန်ခြင်းမျိုးနဲ့တောင် ကျနော်ဟာထိုက်တန်သေးရဲ့လား...

အာဒံသီတဲ့​တေးတစ်​ပုဒ် -chanhun-(completed)Where stories live. Discover now