အနီးဆုံး၌သာ-၂

1.4K 174 8
                                    

အာဒံသီတဲ့တေးတစ်ပုဒ်

Zawgyi

"ကျနော့်ကိုနည်းနည်းလောက်ဖြစ်ဖြစ်လှည့်ကြည့်ပေးပါလား...?"

ကျနော်အကြည့်ကိုသာလွှဲထားရင်း မျက်မှောင်ကိုအနည်းအကျဉ်းကျုံ့လိုက်မိသည်။

"ဆယ်ဟွန်းရှီစိတ်တိုင်းကျ အရာအားလုံးကိုပြောင်းလဲပေးပါ့မယ်...
ကျနော့်ကို လက်ခံလာနိုင်အောင် ဘာတွေလုပ်ရမလဲ..."

ဒီကလေးနဲ့တော့ ခက်တယ်...

"မဟုတ်ဘူး ချန်းယောလ်...မင်းမှာရှိနေတဲ့အရာတွေနဲ့မဆိုင်ဘူး..
မင်းပြုပြင်ပေးစရာလည်း မလိုဘူး...တစ်ခုပဲ...ငါတို့..."

"ကျနော်တို့က မဖြစ်သင့်ဘူးလို့ပြောဦးမလို့ပဲမလား.....?"

ကျနော့်စကားကိုအတိအကျခန့်မှန်းမိနေပြီးသားလို
သူကကြိုပြောလာသည်မို့ ကျနော်နှုတ်ဆိတ်လိုက်မိသည်။

"မဖြစ်သင့်မှန်းသိတယ်...ဒါမဲ့..."

"မဖြစ်သင့်မှန်းသိရင် ရှေ့မဆက်နဲ့လေ ချန်းယောလ်ရယ်...ငါတို့ကဘယ်လိုဆိုတာ ပတ်ဝန်းကျင်အစ ငါတို့နှစ်ယောက်အဆုံးသိပြီးသား....ပြီးတော့ ငါ့ရင်ထဲမှာ မင်းလည်းမရှိဘူး..အဆိုးဆုံးကမင်
ကငါ့ယောက်ဖ...အဲ့ဒီတော်စပ်မှုက ငါတို့ကြားထဲမှာဘယ်တော့မှ
ပြောင်းလဲသွားမှာမဟုတ်ဘူး ဆိုတာ မင်းသိထားရမယ်..."

မသိနားမလည်သေးတဲ့ ကလေးငယ်တစ်ယောက်ကို ဆုံးမနေ
သလို ခတ်အေးအေးသာကျနော်သူ့ကိုပြောလိုက်သည်။
ဒီအချိန်ဟာ ဟိုးအရင်ကလို ပေါက်ကွဲနေရမည်လည်းမဟုတ်။
အေအေးချမ်းချမ်းဖြတ်သန်းနေရမည့် အခါမျိုးမှာ တစ်ယောက်နှင့်တစ်ယောက် ကတောက်ကစတွေမဖြစ်သင့်တော့။

"ဟင့်အင်း...ကျနော် ဖျက်ပစ်မှာ...ကျနော်တို့ကြားက ခြားနေတဲ့အဲ့ဒီ့စည်းကို ကျနော့်နှလုံးသားနဲ့ဖျက်ပစ်မယ်..."

သူ့ပုံစံက ဒေါသဖြစ်နေတာမျိုးမဟုတ်သလို၊ခံပြင်းနေသည့်ပုံမျိုးလည်း မဟုတ်။
ဒီအတိုင်း ခတ်အေးအေးနှင့်သာ တည်ညိမ်ညိမ်ဆိုသည်။

"အိုဆယ်ဟွန်းရှီ ကျနော့်ကိုလက်ခံလာနိုင်တဲ့အထိ ကျနော်ကြိုးစားမယ်....ကျနော့်လုပ်ရက်က မှားတယ်ဆိုရင်တောင် အဲ့ဒီလမ်းကိုရဲ
ရဲကြီးဆက်လျှောက်မယ်...ခများကို သိပ်ချစ်တာမို့..."


အာဒံသီတဲ့​တေးတစ်​ပုဒ် -chanhun-(completed)Where stories live. Discover now