ရက်​ကိုးဆယ်​စီမံကိန်း-၃

1.4K 167 7
                                    

Zawgyi

အာဒံသီတဲ့​တေးတစ်​ပုဒ်

"ကျ​နော့်​ကိုစိတ်​​ကောက်​​နေတာလား...?"

ထိုအခိုက်​ ပို၍ကျုံ့ဝင်​သွားသည့်​ သူ့မျက်​ခုံးတန်းများ။
တကယ်​ကို ကြက်​သီးထစရာ။

"စိတ်​​ကောက်​ရ​အောင်​ ငါက က​လေးလား...​ပေါက်
တက်​ကရ​တွေလာ​မေးမ​နေနဲ့...ထမင်းစားချိန်​​ရောက်
နေပြီ...ဖယ်​"

သူ့လက်​​ကောက်​ဝတ်​ကို ဖမ်းဆုတ်​ထားသည့်​ကျ​နော့်
လက်​ကြားက​နေ ​ဆောင့်​​အောင့်​ကာရုန်းထွက်​သွား
ပြီး ​လှေကားက​နေ ဇက်ေ​တာက်ဇာက်ေ​​တာက်နှင့်
ဆင်းသွားသည့်​သူ့​ကျောပြင်​ကိုကြည့်​ရင်း မ​နေနိုင်
မထိုင်​နိုင်​ရှိစွာပြုံးလိုက်​မိသည်​။

ကျောက်​ခဲတုံး အိုဆယ်​ဟွန်းကြီးက အခုလိုလည်း
စိတ်​​ကောက်​တတ်​​သေးသည်​ ကို​တွေးမိရင်း ရယ်​ချင်​မဆုံး။
တည်​တင်း​နေသည့်​ မျက်​နှာနှင့်​မလိုက်​​အောင်​ နှုတ်​ခမ်းပါးပါးဟာလည်း ဆူထွက်​ချင်​​နေ​သေးတာ။
လိုချင်​တာမရလို့ စိတ်​​ကောက်​​နေသည့်​က​လေး​ပေါက်
စနှင့်​ပင်​ သွားတူ​နေသည့်​ ထိုလူသားဟာတကယ်​ကို
အူယားချင်​စရာ။

အိမ်​မှာ နှစ်​​ယောက်​ထည်းကျန်​ခဲ့တာဖြင့်​တစ်​ရက်​မ
ပြည့်​​သေး...ပြဿနာက တက်​ချင်​ချင်​။

အိုဆယ်​ဟွန်းနဲ့​တော့...တကယ်​ကို ကီးမကိုက်​ဘူးရယ်​...

.
.
.

မျက်​နှာချင်းဆိုင်​က တစ်​ကမ္ဘာလုံးကိုလုပ်​​ကျွေး
နေရသူတစ်​​ယောက်​နှယ်​တည်​တင်း​နေသည့်​မျက်​နှာ
ထားပိုင်​ရှင်​​ကြောင့်​ စားရသည့်​ထမင်းလုတ်​ဟာ လည်
ချောင်းကိုကန့်​လန့်​တိုက်​ကာဝင်​သွားသလိုရှိတာမို့
ရေခွက်​ထဲရှိ​ရေကိုအမြန်​​မော့ချလိုက်​သည်​။

အရသာထူးကဲလွန်းလှ​သော ဟင်း​တွေ​ကြောင့်​ထိုလူ
ကြီးကို​ကျေးဇူး​တော့တင်​မိရက်​သား။
အိမ်​မှာနှစ်​​ယောက်​ထည်းရှိ​ပေမဲ့ ထမင်း​တော့မငတ်
အောင်​ထားရှာသည်​။
ထိုအချက်​နှင့်​ပက်​သတ်​၍​တော့ မမချယ်​​ယောင်းကို
ယောက်ျားရကံ​ကောင်းသည်​ဟု မှတ်​ချက်​​ပေးလိုက်
ချင်​၏။

အာဒံသီတဲ့​တေးတစ်​ပုဒ် -chanhun-(completed)Where stories live. Discover now