အနီးဆုံး၌သာ-၁

1.5K 174 7
                                    

အာဒံသီတဲ့တေးတစ်ပုဒ်

Zawgyi

"သား မာမီတို့နဲ့ပြန်လိုက်ခဲ့မယ်မလား..."

ဂျွန်မြောင်၏ စကားနောက်ဝယ် ချန်းယောလ်၏အတွေးတို့နယ်ချဲ့သွားသည်။
ကုတင်ပေါ် ခတ်ကုတ်ကုတ်ထိုင်ကာ ဝမ်းနည်းမဆုံးဖြစ်နေသည့်
သားငယ်လေးကိုကြည့်ရင်း ဂျွန်မြောင်ပို၍စိတ်ဆင်းရဲမိ၏။

အတန်ကြာအောင်တိတ်ဆိတ်နေသည့် ချန်းယောလ်က...

"သား ဒီမှာပဲနေခဲ့မယ် မာမီ....မင်ဟွန်း လေးနဲ့နေချင်တယ်..."

"အွန်းပါ...သားငယ်လေး သဘော..."

ဤသို့နှင့် ချန်းယောလ် သည်ကိုးရီးယားမှာသာအခြေချဖြစ်ခဲ့
သည့်အပြင် ချန်းယောလ်ရှိနေသည်ကြောင့် ဆယ်ဟွန်းလည်း
မိဘအိမ်မပြန်ပဲ ထိုအိမ်တွင်သာ နေဖြစ်သည်။
ချယ်ယောင်း နှစ်သက်သည့် ထိုအိမ်လေးမှလည်း သူပြောင်းလိုစိတ်မရှိ။

ထိုသို့နှင့် အိုမင်ဟွန်းလေး ကိုဖခင်ကတစ်လှည့် ဦးလေးကတစ်ဖုံထိန်းကျောင်းရန်အကြောင်းဖန်လာခဲ့သည်။

ဤသို့နှင့် ဆယ်ဟွန်းနှင့်ချန်းယောလ်တို့၏ ဘဝလေးဟာ မင်းဟွန်းလေးကြောင့် တစ်နေ့တစ်ခြားပို စိုပြေလာသယောင်။

*******************

"အို...အို အေအေ...."

သီချင်းတညည်းနဲ့ ကလေးထိန်းနေသည့် ချန်းယောလ် ကိုစာ
ဖတ်နေရာမှအသာစောင်းကြည့်ရင်း ဆယ်ဟွန်း ပြုံးမိသည်။

*ဒီကလေး ကလေးတော့အတော်ချစ်ရှာသား....*

နေ့နဲ့ည မပျက်ကလေးကိုထိန်းဖော်ရသလို တစ်ချက်ကလေး
တောက်မညည်းညူ။
ကလေးရဲ့ ကျင်ကြီးကျင်ငယ်ကအစ သီချင်းတကြော်ကြော်ညီး
ရင်းလုပ်ကိုင်တတ်တဲ့ ချန်းယောလ် ဟာ လူပျိုလေးတန်ပဲ့တစ်မူထူးခြားနေလွန်းသည်။

ညဘက်တွေဆိုလည်း ကလေးနဲ့အတူအိပ်ချင်သည်က နှစ်ဦး
လုံးဖြစ်နေရသည်မို့ ပြဿနာကစသည်။

ဆေးရုံမှာ အလုပ်ပင်ပန်းတာရော စာဖတ်ထားသည်ကြောင့်ပါ
တုံးခနဲ အိပ်ပျော်သွားသည့် ဆယ်ဟွန်း။

"အူဝဲ....."

မီးသတ်ကားဆယ်စီးတိုက်လောက်ကျယ်လောင်သည့်
မင်ဟွန်းလေး၏ အော်ငိုသံဟာအခန်းအတွင်းလွင့်ပြန့်၍သွား
သလို အိမ်မက်ကမ္ဘာထဲရောက်နေပြီဖြစ်တဲ့ ဆယ်ဟွန်းကိုလန့်
ဖြန့်သွားစေသည်။

အာဒံသီတဲ့​တေးတစ်​ပုဒ် -chanhun-(completed)Où les histoires vivent. Découvrez maintenant