ရက်ကိုးဆယ်စီမံကိန်း-၉

1.1K 156 8
                                    

Zawgyi

အာဒံသီတဲ့တေးတစ်ပုဒ်

"ချန်း..."

အေ​နာက်​ဘက်​ခတ်​လှမ်းလှမ်း
ကိုအသာ​စောင်းကြည့်​မိ​တော့ ကျ​နော့်​ဆီတန်းတန်း
မတ်​မတ်​လာ​နေသည့်​ လီဂီဆွန်း​ကြောင့်​အကြီးအကျယ်​စိတ်​ပျက်​ရသည်​။

"ဟူး...."

အ​ရှေ့သို့ချက်​ချင်းပြန်​လှည့်​လိုက်​ကာ ​လေပူတစ်​ချက်
ခတ်​ပြင်းပြင်းမှုတ်​ထုတ်​ရင်း အနားကမခွာနိုင်​ဖြစ်​​နေ
သည့်​ ထိုအမျိုးသမီးကို​မေတ္တာအနည်းအကျဉ်းမျှပို့မိ
သည်

"ချန်း...."

ခေါ်သံနှင့်​အတူ သူမဟာကျ​နော့်​​ဘေးတွင်​ဝင်​ထိုင်​သလို ကျ​နော့်​လက်​​မောင်းကိုချိတ်​တွဲကာ ပုခုံးကိုမှီလာသည်​။
ခတ်​စူးစူး​ရေ​မွှေးနံ့က သိပ်​ကိုပြင်းရှလွန်း​နေသည့်​အပြင်
တစ်​စုံတစ်​​ယောက်​၏ ခတ်​ယဉ်​ယဉ်​ ကိုယ်​သင်းနံ့တစ်​ခု​လောက်​​တောင်​ဘာ​ကြောင့်​စိတ်​ကိုမလန်း​စေမှန်းမသိ​တော့။

နှာခမ်းဖျားကိုကျီဆယ်​​နေတဲ့ သူမအကြည့်​​တွေနဲ့
သူမနှာဖျားမှ​လေမှုန်​တချို့။ကျ​နော်​ဟာ ပကတိငြိမ်​သက်​​နေ​သော်ငြားကျ​နော့်​လည်​ဂုတ်​ကိုသိုင်းဖက်​လို့သူမဟာ ​ရှေ့သို့
တိုးသထက်​တိုးလာသည်​။
ပိုမိုနီးကပ်​လာတဲ့သူမနှုတ်​ခမ်းရဲရဲဟာ ကျ​နော့်​နုတ်​ခမ်း
တစ်​စုံနှင့်​ထပ်​တူကျရန်​ မည်​မျှမှမလို​တော့သည့်​အ​နေ
အထား။

အနမ်း...

ကျ​နော်​တို့နှစ်​ဦးဟာ အနမ်းတစ်​ပွင့်​ကို ဖန်တီး​တော့မယ့်​အ​နေအထားလား....

ရည်းစား​တွေမ​ရေနိုင်​​အောင်​ထားဖူး​ပေမဲ့ ကျ​နော်
မည်​သူတစ်​ဦးတစ်​​ယောက်​ရဲ့နှုတ်​ခမ်းကိုမှအကြင်​နာ
မ​ပေးခဲ့ဖူး။

ဘဝမှာ တစ်​ကြိမ်​​လောက်​ပဲဖြစ်​ဖြစ်​ ရင်​ထဲကနှစ်​နှစ်​ကာ
ကာချစ်​ရသူကို ကျ​နော့်​ရဲ့အဖြူစင်​ဆုံးအနမ်း​လေးကို
ပေးချင်​ခဲ့ခြင်းက ကျ​နော့်​အိမ်​မက်​လို့ဆိုနိုင်​သည်​။

အာဒံသီတဲ့​တေးတစ်​ပုဒ် -chanhun-(completed)Where stories live. Discover now