ရက်ကိုးဆယ်စီမံကိန်း-၁၃

1.2K 166 25
                                    

Zawgyi

အာဒံသီတဲ့တေးတစ်ပုဒ်

"အခုချိန်​မှာ ကျ​နော်​ခများကို ကားတင်​​ပြေးလိုက်​ရင်
ပြီးပြီပဲ"

"ပတ်​ချန်း​​ယောလ်​...!!!!!"

ဒီ​ကောင်​​လေး အရွယ်​နဲ့မလိုက်​တကယ်​ကိုဆိုးလွန်းသည်​။

"ဟက်​...?ဟုတ်​တယ်​​လေ...ဒီနည်းနဲ့မှမဟုတ်​ရင်
ခများကိုကျ​နော်​တစ်​သက်​လုံးအ​ဝေးက​နေ​ငေး​နေရ
တော့မှာ..."

"ပတ်​ချန်း​​ယောလ်​...မင်းငါ့မျက်​နှာကိုမ​ထောက်​ရင်
တောင်​ မင်းအမကိုသနားဦး​လေကွာ...မင်းအမမှာ
ငါနဲ့ရတဲ့ကိုယ်​ဝန်​ကိုလွယ်​ထားရတာ...မင်းဘယ်​လို
တွေမိုက်​ချင်​​နေတာလဲ..."

"မ​ပြောနဲ့....အဲ့ဒီအ​ကြောင်းကိုကျ​နော်​မကြားချင်​ဆုံး
ပဲ...အဲ့ဒီကြိုးနဲ့ချည်​​နှောင်​လိုက်​သမျှ ခများကိုကျ​နော်
တစ်​သက်​လုံးစာ​မျှော်​လင့်​ခွင့်​​ဝေးသွားသလိုပဲ..."

"ဘာကိုလဲ....?
မဖြစ်​နိုင်​တာကိုမင်းကဘာ​တွေ​မျှော်​လင့်
နေ​သေးတာလဲ....?ပတ်​ချန်း​ယောလ်​ အသိစိတ်​​လေး
ဘာ​လေးနည်းနည်း​လောက်​ဖြစ်​ဖြစ်​ဝင်​စမ်းပါ...မင်း
အဲ့လိုပဲဆက်​လုပ်​​နေရင်​ ငါမင်းနဲ့တစ်​အိမ်​ထဲဆက်​​မ​နေ
ဖို့တစ်​ခုခုလုပ်​မှရ​တော့မယ်​...အ​ကြောင်းတစ်​ခုခု
ပြပြီး မင်းအ​ဖေကိုပြန်​​ခေါ်ခိုင်းလိုက်​​တော့မယ်​"

ထိုသို့​ပြော​တော့ သူကဝမ်းနည်းခြင်းကြီးစွာ
ကျ​နော့်​ကိုစိုက်​ကြည့်​သည်​။အငိုကလည်းမတိတ်​နိုင်
သေး။

သူ့ထံမှအကြည့်​လွှဲလိုက်​ရင်း..

"ငါ့ကိုအခုပြန်​ပို့....​အေး...မပို့ရင်​ငါ့ငါပြန်​မယ်​"

ပြော​ပြောဆိုဆိုကျ​နော်​ကားထဲကထွက်​လိုက်​သည်​။
မှောင်းမည်း​နေတဲ့ လူပြတ်​​သောလမ်းတစ်​​လျှောက်
ကျ​နော်​တစ်​​ယောက်​ထဲပြန်​ဖို့မဝံ့ရဲ​သော်​လည်း
သူ့နဲ့အတူဆက်​၍မ​နေချင်​​တော့။

"အိုဆယ်​ဟွန်း...."

ချက်​ချင်းဆိုသလို သူအ​နောက်​မှအ​ပြေးလိုက်​လာသည်​။

အာဒံသီတဲ့​တေးတစ်​ပုဒ် -chanhun-(completed)Where stories live. Discover now